ထိုင်းဆန်အရည်အသွေးမြှင့်တင်ပြီး ဈေးကောင်းရရန် တစ်နှစ်အတွင်း စပါးစိုက်ပျိုးမှုအကြိမ်အရေအတွက် လျှော့ချရန်စီစဉ်
ထိုင်းဆန်အရည်အသွေးမြှင့်တင်ပြီး ဈေးကောင်းရရန် တစ်နှစ်အတွင်း စပါးစိုက်ပျိုးမှုအကြိမ်အရေအတွက် လျှော့ချရန်စီစဉ် ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ထိုင်းနိုင်ငံက စပါးအပင် ပိုးမွှား ကျရောက်မှုကို လျှော့ချဖို့နဲ့ ဆန်အရည်အသွေး မြှင့် တင်ဖို့ တစ်နှစ်အတွင်း စပါးစိုက်ပိုျးမှု အကြိမ်ရေကို လျှော့ချဖို့ စီစဉ်ထားကြောင်း၊ ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းက ပြောကြားပါတယ်။ ထိုင်းနိုင်ငံက တစ်နှစ်ကို စပါးသုံးကြိမ်စိုက်ပျိုး နေမဲ့အစား နှစ်ကြိမ်သာစိုက်ပျိုး ဖို့ တွန်းအားပေးသွားမှာ ဖြစ်ကြောင်းလယ်ယာစိုက်ပျိုးရေးဝန်ကြီးကပြောကြားပါတယ်။ ဒီလိုစိုက်ပျိုးမှုတစ်ကြိမ်လျှော့ချခြင်းက အပင်ပိုးမွှား ကျရောက်မှု အန္တရာယ်လျော့ပါးသွားမယ့်အပြင် ဓါတ် မြေသြ ဇာနဲ့ပိုးသတ်ဆေးအသုံးပြုမှုလျော့သွားကာ ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း လျော့ပါးသွားမှာဖြစ်ကြောင်း၊ ထုတ်လုပ် မှု လျော့နည်းသော်လည်း ဆန်ဈေးမြင့်မားလာမယ့် အကျိုးအမြတ် ခံစားရမှာဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးဝန်ကြီး က ပြောကြားပါတယ်။ အောက်တိုဘာလမှ စတင်အကောင်အထည်ဖော်မယ့် အစီအစဉ်ကြောင့် တစ်နှစ်ကို ဆန်တင်ပို့မှုတန်ချိန် ၂ သန်း ဝန်းကျင်(သို့)သင်္ဘောတင်ပို့မှု ၂ဝ ရာခိုင်နှုန်းဝန်းကျင် လျော့နည်းသွားမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံက ဗဟိုကခုျပ်ကိုင်ဆောင်ရွက်တဲ့ လေလံပွဲစနစ်နဲ့ ကမ္ဘာ့စံ သတ်မှတ် ဈေးကွက်ဈေးနှုန်းထူထောင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ပပ၊Source:Bloomberg.com
