Main menu

Background

မုံရွာငုံနီ ဝယ်လက်ကိုမျှော်ပြီ

Sun, 04/03/2011 - 04:37 -- Anonymous (not verified)

မုံရွာငုံနီ ဝယ်လက်ကိုမျှော်ပြီ              မုံရွာကုန်စည်ဒိုင် မတ်လ လကုန်ပတ် ပဲစင်းငုံနီဈေးကွက်မှာ အိတ်စ်ပို့ အဝယ်မျှော်ရင်း ကျဈေးကို ဦးတည်နေတယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင် ဈေးကွက်မှာတော့ ဝယ်လက်နောက်ဆုတ်ကာ ရောင်းလက် ထုတ်လိုအားများ နေတဲ့အတွက် ယခုတစ်ပတ်အတွင်း တစ်တင်း ၁၉ဝဝဝ ကျပ်ထိ ဈေးကျဆင်းခဲ့သလို မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ မုံရွာပဲကုန်သည်နဲ့ ပွဲစားတွေရဲ့ အဆိုအရ အိတ်စ်ပို့ အဝယ်မရှိသေးလို့ ဈေးအတက်အကျ ခန့်မှန်းရခက်နေပြီး လှောင်လက်ကုန်သည် အချို့ကတော့ ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူမှုအသင့်အတင့်ရှိတယ်လို့ ဆိုပါတယ်။                    ဒီတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲစင်းငုံနီစီးထွက်မှု ပမာဏ လျော့နည်းခဲ့ကာ မန္တလေးကို တင်း ၃ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၉ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်