Main menu

Background

မနှစ်ကထက် အထွက်လျော့ပေမဲ့ အဝင်လှိုင်လာပြီဖြစ်တဲ့ ရှမ်းပဲစင်းငုံ

Sun, 04/03/2011 - 04:40 -- Anonymous (not verified)

မနှစ်ကထက် အထွက်လျော့ပေမဲ့ အဝင်လှိုင်လာပြီဖြစ်တဲ့ ရှမ်းပဲစင်းငုံ                 ရှမ်းပဲစင်းငုံရဲ့ အထွက်နှုန်းက မနှစ်ကထက်လျော့ပေမဲ့ ဈေးကွက်ထဲကိုတော့ ဆီဆိုင်၊ ဆိုက်ခေါင်၊ နမ့်စန်၊ ဟိုပုံး စတဲ့ မြို့နယ်တွေကနေ ဈေးကွက်ကို အများဆုံးဝင်နေတယ်လို့ သိရပါတယ်။ လင်းခေးမြို့နယ်ဖက်ကတော့ သိပ်မဝင်လာ ပါဘူး။ နမ့်စန်ကထွက်တဲ့ ပဲစင်းငုံတွေကိုလည်း တောင်ကြီးဝယ်လက်တွေကသာ အများဆုံးဝယ်ယူနေပြီး တစ်ပိဿာ ၈၂ဝ ကျပ်ပေါက်ဈေးရှိပါတယ်။ ဟိုပုံးမြို့နယ်ရဲ့ အနီးပတ်ဝန်းကျင်ဒေသတွေကနေ ဟိုပုံးဈေးကွက်ထဲကို ၅ ရက်တစ်ဈေးမှာ ပိဿာချိန် နှစ်သောင်းခွဲခန့်ဝင်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်တွေက ဝယ်ယူနေပြီး ဟိုပုံးဈေးကွက်မှာ ပဲစင်းငုံပေါက်ဈေးက (ငုံနီသေး) တစ်ပိဿာ ၈၅ဝ ကျပ်-၈၆ဝ ကျပ်၊ (ဖြူကြီး) ၆၅ဝ ကျပ်-၆၆ဝ ကျပ်၊ (နီကြီး) က တစ်ပိဿာ ၇ဝဝ ကျပ်-၇၂ဝ ကျပ်ဈေးရှိပါတယ်။ ဖြူကြီးကိုတော့ ပြည်တွင်းပဲခွဲစက်တွေက ဝယ်ယူနေတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်ထဲမှာ ပဲစင်းငုံနီ (သေး) တစ်ပိဿာ ၈ဝဝ ကျပ်-၈၉ဝ ကျပ် (ဖြူကြီး) ၆၉ဝ ကျပ်-၆၇ဝ ကျပ်၊ နီကြီး ၇ဝဝ ကျပ်၊ ၇၂ဝ ကျပ် ဈေးရှိပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ပြည်ပသို့ တိုက်ရိုက် မပို့ပေမဲ့ ရန်ကုန်ဝယ်လက်တွေကတစ်ဆင့်ပို့ဖို့ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း ပဲစင်းငုံ ပိဿာချိန် ၁ဝ၈ဝဝဝ စီးဆင်းသွားတယ်လို့ ဒေသခံ ကုန်သည် တွေထံက သိရပါတယ်။                                           ဧဧခိုင်