Main menu

Background

ဈေးဆက်မြင့်လာတဲ့ ဟင်္သာတပဲတီစိမ်း

Sun, 04/03/2011 - 04:59 -- Anonymous (not verified)

ဈေးဆက်မြင့်လာတဲ့ ဟင်္သာတပဲတီစိမ်း              ဟင်္သာတကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုမတ်လ စတုတ္ထပတ်အတွင်း ပဲတီစိမ်း ပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၄၅ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ထက် တစ်တင်းကို ၁ဝဝဝ ကျပ်ပိုများလာခဲ့ကြောင်း သိရပါတယ်။ တောင်သူများအတွက် ပဲတီစိမ်းသီးနံှဟာ ဈေးကွက်ဝင်ပြီး ဈေးကောင်းရနေပါတယ်။ အရောင်းအဝယ်ဖြစ်မှုမှာလည်း ယခင် အပတ်ထက် ကုန်စည်ဒိုင်ဈေးကွက်သို့ အနည်းငယ်ပိုလာပြီးရန်ကုန် ဘုရင့်နောင်ပွဲရုံများသို့ တစ်တင်းခွဲဝင်အိတ် ၃ဝဝဝ ခန့် ယခုတစ်ပတ်အတွင်း တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                                          အေးအေးခိုင်