Main menu

Background

နှစ်ကူးပိတ်ရက်နဲ့အတူ ဈေးအေးသွားတဲ့ ပဲခူး ပဲတီရွှေဝါဈေးကွက်

Sun, 04/03/2011 - 05:01 -- Anonymous (not verified)

နှစ်ကူးပိတ်ရက်နဲ့အတူ ဈေးအေးသွားတဲ့ ပဲခူး ပဲတီရွှေဝါဈေးကွက်                  ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း ပဲခူးမြို့နယ်ရဲ့ ပဲတီရွှေဝါဈေးကွက်ကို ကဝမြို့နယ် သနပ်ပင်မြို့နယ်တို့မှ ပဲအများဆုံး ဝင်ပါတယ်။ မတ်လလယ်လောက်ကစပြီး ပိဿာ ၂ဝ ဝင်ပဲတစ်တင်းကို ၃၅ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေရာက မတ်လကုန်မှာ ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်ထိ ကျဆင်းသွားပါတယ်။ အချိန်အခါ မဟုတ်မိုးရွာသွန်းမှုကြောင့် ပဲများ အရည်အသွေးကျဆင်းသလို တရုတ်ဝယ်လက်မဆွဲလို့ ပဲဈေးကျဆင်းသွားရတယ်လို့ ဈေးကွက်က ဆိုပါတယ်။ တောင်သူများ ကတော့ နှစ်ကူးအပြီး ပဲဈေးကို စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။                   အေးဝင်း