Main menu

Background

ယခုတစ်ပတ် မြေထောက်ပဲနဲ့ ထောပတ်ပဲ တင်ပို့မှု တိုးတက်လာ

Sun, 04/03/2011 - 05:48 -- Anonymous (not verified)

ယခုတစ်ပတ် မြေထောက်ပဲနဲ့ ထောပတ်ပဲ တင်ပို့မှု တိုးတက်လာ               ယခင်သီတင်းပတ်က မြေထောက်ပဲနဲ့ ထောပတ်ပဲ ၂ မျိုးလုံးပြည်ပ တင်ပို့မှု လျော့ကျခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာ တော့ မြေထောက်ပဲ တန် ၂ဝဝ ကျော်နဲ့ ထောပတ်ပဲ တန် ၄၇ဝ ခန့်ထိ တိုးတက် တင်ပို့လာနိုင်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဂျပန်နိုင်ငံကို တင်ပို့မှုနည်းခဲ့ ပေမဲ့ ယခုသီတင်းပတ်မှာတော့ ထောပတ်ပဲရော၊ မြေထောက်ပဲပါ ဂျပန်နိုင်ငံကို ပမာဏ များများသွားတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲလှိုင်လှိုင် ဝင်နေသလို ပြည်ပအဝယ်လည်း ရှိနေတာကြောင့် ယခုတစ်ပတ်တင်ပို့မှု တက်လာ တာဖြစ်ပါတယ်။                  ရန်ကုန် FOB  ဈေးအနေနဲ့ ဧပြီလ ၁ ရက်မှာ မြေထောက်ပဲ FAQ တစ်တန်ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဈေးနဲ့ဈေးငြိမ်နေပြီး ထောပတ်ပဲဈေးမှာ မတ်လ ၂၅ ရက်က FAQ  တစ်တန်ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ ဈေးရှိရာမှ ဧပြီလ ၁ ရက်မှာ ကန်ဒေါ်လာ ၈၅ဝ-၈၈ဝ ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT