Main menu

Background

ရွှေဈေး အမြင့်ရောက်လာပေမယ့် အရောင်းအဝယ် ပြန်လည်ဦးမော့လာ

Sun, 04/03/2011 - 06:05 -- Anonymous (not verified)

ရွှေဈေး အမြင့်ရောက်လာပေမယ့် အရောင်းအဝယ် ပြန်လည်ဦးမော့လာ                  ပြည်တွင်းရွှေဈေးကွက်အနေဖြင့် မတ်လ ပထမပတ်တွင် ၁၅ ပဲရည်ကို ကျပ် ၆၃၃ဝဝဝ နှင့်အခေါက်ရွှေဈေး ၁၆ ပဲရည်ကို ကျပ် ၆၇ဝဝဝဝအထိ ရပ်တည်နေ လျက်ရှိကြောင်း သိရသည်။ ၂ဝ၁၁ မတ်လတွင် ရွှေဈေးများ ပြန်လည်မြင့်တက်လာသကဲ့သို့ အရောင်း အဝယ်အားမှာလည်း ရင်းနှီးမြှုပ်နံှသူများ ရွှေဘက်သို့ ပြန်လှည့်လာသောကြောင့် ပြန်လည်ဦးမော့လာကြောင်း သိရသည်။                 ''ရွှေဈေးတွေတက်လာတယ်၊ အဲဒီအတွက် အရောင်းအဝယ်တွေသူ့ဟာနဲ့သူ တဖြည်းဖြည်း တိုးလာပါတယ်၊ ရွှေဈေး တက်လာတာပဲရှိတယ်။ရောင်းတဲ့သူကလည်း ပုံမှန်ရောင်းတယ်။ ဝယ်တဲ့သူကလည်း ပုံမှန်ဝယ်တယ်။ ဘာပြဿနာမှ မရှိပါဘူး''ဟု ကျောက်တံတားမြို့နယ်အတွင်းရှိ ရွှေဆိုင်တစ်ဆိုင်မှပြောပြသည်။                       မင်းချို