ပင်လယ်ရေကြောင်းမှ အဝင်များ မတ် ၂၂ ရက်မှ ၂၈ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၆၁၁ ဒသမ ဝ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၈၈ဝ၂၈ ဖိုးကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းနို့ဆီ ၂၂၄ ဒသမ ဝ၅ တန်နဲ့ အိုကေ တံဆိပ် နို့ဆီ ၃၈၇ တန် တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့ဆီတင် သွင်းမှုက တန်ချိန် နှစ်ရာကျော်သာရှိခဲ့ တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် ၃ ဆလောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်ကတော့ နယူးဇီလန်နိုင်ငံ ဘက်မှ နို့မှုန့်တန်ချိန် ၁၁၇ ဒသမ ၈၃ တန် တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုနဲ့ယှဉ်ရင် ဒီတစ်ပတ်ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။MIRT(DOT) နယ်စပ်မှ နို့ဆီအဝင်လျော့၊နို့စိမ်းအဝင်ပို ယခုအပတ်မှာ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၁၉၂ဝဝ တန်ဖိုးရှိ နို့ဆီ ၁၂ဝဝ ကာတွန်း (၂၂ ဒသမ ၇၁၆ တန်)နဲ့ ကန်ဒေါ်လာ ၅၇၇၈၃ တန်ဖိုးရှိ နို့စိမ်း ၃၃၉၉ ကာတွန်း ၉၈၊(၆၄ ဒသမ ၄၅တန်) တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ထက် နို့ဆီကာတွန်း ၂ဝဝလျော့ နည်းတင်သွင်းခဲ့ပေမဲ့ နို့စိမ်း ၂၁၉၉ ကာတွန်းတင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် အတွင်း နို့ဆီနို့စိမ်း တင်သွင်းမှုမှာ ၂၆၂၄၅၃ ကာတွန်း (၄၉၇၆ တန်) ရှိ တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ နို့မှုန့်တင်သွင်းမှု မရှိခဲ့တဲ့အတွက် မတ်လမှ နို့မှုန့် ၇၂ တန်၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ၂၇၇၃၆ တန် မူဆယ် နယ်စပ်မှ တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈၂ဝ ၈၃၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၈ဝ ၆၉၅Happy Cow ၇ဝဝ ၇၁၅မာရီဂိုး(နို့ဆီ) ၇၂ဝ ၇၃၅အိုကေနို့ဆီ ၇ဝဝ ၇၁၅MIRT (DOT)
Background