Main menu

Background

နယ်စပ်မှ ယခုအပတ် နှမ်းရောင်စုံ အနည်းငယ်သာ တင်ပို့နိုင်

Sun, 04/03/2011 - 07:11 -- Anonymous (not verified)

နယ်စပ်မှ ယခုအပတ် နှမ်းရောင်စုံ အနည်းငယ်သာ တင်ပို့နိုင်                မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ စစ်ကိုင်း၊ မန္တလေးနဲ့မကွေးတိုင်း ဒေသကြီးထွက် နှမ်းဖြူ၊ နှမ်းနက်များတင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ ၂၂ဝဝဝ တန်ဖိုးရှိ နှမ်းဖြူ ၁၆ တန်ကျော် နဲ့ ကန်ဒေါ်လာ ၂၉၆ဝဝ တန်ဖိုးရှိ နှမ်းနက် တန် ၂ဝကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက နှမ်းဖြူ ၄ တန်နီးပါး ၊နှမ်းနက် ၉ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပြီး ယခုအပတ်မှာ နှမ်းအခွံချွတ် တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ တရုတ်နိုင်ငံမှ ဝယ်လိုအားရှိသော်လည်း မိမိဘက် နှမ်းဖြူပြည်တွင်းဈေးမြင့်နေပြီး တစ်ဘက်နိုင်ငံ ဝယ်ဈေးမှာပြောင်းလဲမှု မရှိခြင်း။ တရားဝင်တင်ပို့မှု လျော့နည်းခြင်းကြောင့် နှမ်းတင်ပို့မှု လျော့နည်းရခြင်း ဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှ နှမ်းရောင်စုံတင်ပို့နိုင်မှုမှာ ၆၄၄ဝဝ တန်ကျော် ရှိပြီလို့ သိရှိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံနှမ်းဈေးများ အား နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                            မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု             ယခင်      ပြောင်းလဲမှု     %      ယခု       ယခင်   ပြောင်းလဲမှု       %နှမ်းဖြူ       ၁၁၇ဝ၉၃၂     ၁၁၆၃၉၇၂       ၆၉၆ဝ     ဝ .၆    ၁၃၃၈     ၁၃၃၇           ၁            ဝ .ဝ၇နှမ်းနက်     ၁၄၄၄၃၃၁၇   ၁၄၄၄၃၃၁၇        -          -        ၁၆၇၅     ၁၆၇၅           -               -MIRT (DOBT)