အောင်လံနှမ်းဈေးကွက်အေးစက်စက် ၂ဝ၁၁ ခုနှစ် မတ်လကုန် အောင်လံနှမ်းဈေးကွက်ကို ကြည့်ရင် သိပ္ပံ နှမ်းနက် တစ်ပိဿာ ၂၄၄၅ ကျပ်နဲ့ တစ်ပတ်အတွင်း အိတ် ၅ဝဝ ခန့် မြို့ပေါ် ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မန္တလေး ဝယ်လက်အေးသလို ရန်ကုန် ဝယ်လက်ကလည်း ပုံမှန်သာဝယ်တယ်လို့ ပြောရပါမယ်။ ရိုးရိုးနှမ်းနက်တစ်ပိဿာ ၁၇၇၈ ကျပ်နဲ့ တစ်ပတ်အတွင်း အိတ် ၆ဝဝ ခန့်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကာ ရန်ကုန်ကို ဆက်လက်တင်ပို့တယ်လို့ သိရပါတယ်။ နှမ်းနီဈေးကွက်မှာလည်း ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်ကို ဒေသခံစက်သမားနဲ့ ပြည်ဆီစက်လုပ်ငန်းရှင်တို့ ပုံမှန်အဝယ်ရှိ နေပါတယ်။ မြို့ပေါ်လှောင်လက် လက်ကျန်မှာ သိပ္ပံနှမ်းနက် တစ်တင်းခွဲ အိတ် တစ်သောင်းခန့်၊ ရိုးရိုးနှမ်းနက် တစ်တင်းခွဲအိတ် ၄ဝဝဝ ခန့်၊ နှမ်းနီလက်ကျန် အိတ် နှစ်သောင်းနဲ့ နှမ်းဖြူ လက်ကျန်အိတ် တစ်သောင်းခွဲခန့် ကျန်ရှိနိုင်ကြောင်း အောင်လံနှမ်းဈေးကွက်က ခန့်မှန်းတယ်လို့ သိရပါတယ်။ ကျော်မျိုးမင်း
Background