အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ မတ်လ ၁၂ ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်က ၁ဝ ဒသမ ဝ၅ ရာခိုင်နှုန်းရှိရာမှ မတ်လ ၁၉ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၉ ဒသမ ၅ ရာခိုင်နှုန်းကို လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ပဲမျိုးစုံဈေးနှုန်းက တစ်ပတ်အတွင်း ၄ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့်လို့ သိရပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဒုတိယအကြိမ် ခန့်မှန်း ချက်အရ ဂံျုထုတ်လုပ်မှု တန်ချိန် ၈၁ ဒသမ ၄၇ သန်းနဲ့ ပဲမျိုးစုံ တန်ချိန် ၁၆ ဒသမ ၅၁ သန်းထွက်ရှိမယ်လို့ သိရပါတယ်။ မတ်ပဲဈေးအနည်းငယ်ပြန်မာလာ တင်သွင်းမတ်ပဲဈေး အနည်းငယ်မြင့်တက်လာတာကြောင့် ယခု တစ်ပတ် အိန္ဒိယပြည်တွင်းမတ်ပဲဈေး အနည်းငယ်ပြန်မာလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်က ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာရောင်းလက်များ ဈေးမြင့်ရောင်းချတဲ့အတွက် တင်သွင်းဈေး မြင့်လာတယ်လို့ အိန္ဒိယဈေးကွက်မှာ သတင်းများ ထွက်ပေါ်နေပါ တယ်။ ပြည်တွင်းဈေးကွက်များအတွင်း လက်ကျန်အကန့်အသတ် သာရှိခြင်းနဲ့အတူ အဝယ်အချို့ရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါတယ်။ ဥတ္တရာပရာဒေ့ရှ်နဲ့ အင်ဒရာအပါအဝင် နိုင်ငံဒေသ တော်တော်များများမှာ အစိုဓာတ်ကောင်းမွန်မှုကြောင့် ဆောင်းပဲ အခြေအန ကောင်းမွန်နေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း မတ်ပဲဈေး မာနေဦးမယ်လို့ ဈေးကွက်ကသုံးသပ်ကြပါတယ်။ ဈေး ကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၃၁ .၃ .၁၁ ၃ဝ .၃ .၁၁ ၂၈ .၃ .၁၁ ၂၆ .၃ .၁၁မွန်ဘိုင်း ၉၄၆ ၉၄၄ ၉၆ဝ ၉၄၆ဒေလီ ၈၉၆-၉၆၃ ၈၉၃-၉၆ဝ ၈၉၃-၉၆ဝ ၈၇၃-၉၆၂ချန်နိုင်း ၉၆၉-၁၁၄၂ ၉၆၆-၁၁၃၉ ၉၇၇-၁၁၃၉ ၉၆၂-၁၁၁၃
Background