Main menu

Background

ပဲစင်းငုံဈေး ဆက်လက်လျော့ကျ

Sun, 04/03/2011 - 07:55 -- Anonymous (not verified)

 ပဲစင်းငုံဈေး ဆက်လက်လျော့ကျ              အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များအတွင်း ယခုတစ်ပတ် မှာလည်း ပဲစင်းငုံဈေး ဆက်လက် လျော့ကျခဲ့ပါတယ်။ ဈေးကွက် များအတွင်း ဝယ်လိုအားနည်းပါးတဲ့အပြင် ဒေသအသီးသီးက ပဲ အသစ် အဆက်မပြတ် ဝင်ရောက်လာတဲ့အတွက် ဈေးဆက်လက် ကျဆင်းခဲ့ပါတယ်။ ယခုလအတွင်း ပြည်ပက တင်သွင်းပဲစင်းငုံ ရောင်းလိုအား တိုးတက်လာဖွယ်ရှိတဲ့အပြင် ပြည်တွင်းမှာ ပဲရရှိနိုင်မှုပေါများ နေခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေသလို မြန်မာနိုင်ငံက လည်း တင်သွင်းမှုလျော့ကျလာခဲ့ပါတယ်။ အကယ်လို့ ဝယ်လိုအား ဆက်လက်နည်းပါးဦးမယ်ဆိုရင် မြန်မာနိုင်ငံက တင်သွင်းပဲစင်းငုံဈေး ထပ်မံကျဆင်းဖွယ်ရှိတယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်း တွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄                                                                            ဒေါ်လာ/တန်  ဈေးကွက်                            ၃၁ .၃ .၁၁             ၃ဝ .၃ .၁၁          ၂၈ .၃ .၁၁                ၂၆ .၃ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)             ၇၈၉                     ၇၉၃                 ၈ဝ၄                          ၇၇၂ဒေလီ(မြန်မာပဲစင်းငုံ)           ၈၉၄-၈၉၆                ၈၉၆-၈၉၈        ၉ဝ၂-၉ဝ၄                  ၈၉၃-၈၉၅ကိုလ်ကတ္တား                          ၈၁၇                            -                     ၈၂၆                      ၇၈၃