Main menu

Background

မောင်တောနယ်စပ်မှတစ်နှစ်တာကာလအတွင်း ဝါးတင်ပို့မှုမှ ကန်ဒေါ်လာ ၂ သိန်းကျော်ရ

Sun, 04/03/2011 - 08:02 -- Anonymous (not verified)

မောင်တောနယ်စပ်မှတစ်နှစ်တာကာလအတွင်း ဝါးတင်ပို့မှုမှ ကန်ဒေါ်လာ ၂ သိန်းကျော်ရ                 မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း မောင်တောနယ်စပ်မှ ချင်ဝါး ဒါဇင် ၃၁၇၈ဝဝ နဲ့ကွမ်းတိုင်ဝါး ဒါဇင် ၁၁၉ဝဝဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၁၂ဝဝ ကျော်ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ မောင်တောနယ်စပ် ကနေ အဓိကတင်ပို့တဲ့ ပို့ကုန်တွေ ထဲမှာ ရေထွက်ကုန်ပြီးလျှင် ဝါးဟာ နေရာယူထားတာ ဖြစ်ပါတယ်။ ဝါးတွေ ကို တစ်ဖက်နိုင်ငံကို ဖောင်ဖွဲ့ပြီး သယ်ယူတင်ပို့တာဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း မောင်တောနယ်စပ်မှ ဝါးတင်ပို့နိုင် မှုကတော့ဒေါ်လာ ၂ဝ၇၈ဝဝ ကျော် တန်ဖိုးရှိ ဝါးလုံးပေါင်း ၇၆၉၃၇ဝဝ လုံး ဖြစ်ပါတယ်။ မြင့်မြင့်မာ(MIRT)