ဖရဲ ရာသီရောက်ပြန်ပြီ လွယ်ဂျယ်နယ်စပ်စခန်းမှ တစ်နှစ်တစ်ကြိမ်သာ လှိုင်လှိုင် တင်ပို့တဲ့ဖရဲရာသီ ယခုပြန်လည်စတင် နိုးထလာပြီဖြစ်ပါတယ်။ နှစ်စဉ်မတ်လရောက်ချိန်မှ ဗန်းမော်ခရိုင်၊ စင်းခန်း ဒေသ၊ ရွှေကူမြို့နယ်နဲ့ကသာခရိုင် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိတဲ့ ဒေသထွက် ဖရဲများမှာ ဗန်းမော်-မိုးမောက်လွယ ်ဂျယ်လမ်းကြောင်း မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ စီးဆင်း လေ့ ရှိပါတယ်။ ဒေသထွက်ဖရဲများမှာ မူဆယ်ဘက်မှ တင်ပို့ တဲ့ဖရဲများလောက် အလုံးမကြီးပေမဲ့ အမျိုးအစားကောင်းတာ ကြောင့်နှစ်စဉ် တစ်ဖက်နိုင်ငံမှ ကုန်သည်များဟာ ဒီအချိန် ရောက်ပြီဆိုရင် အလုအယက်လာရောက်ဝယ်ယူလေ့ ရှိကြပါတယ်။ ဒေသထွက်ဖရဲများမှာ မူဆယ်ဘက်က တင်ပို့တဲ့ ဖရဲများထက် အထွက်နောက်ကျလေ့ရှိပြီး နှစ်စဉ်မတ်လနဲ့ ဧပြီလလောက်မှာ လှိုင်လှိုင်ထွက်ရှိပါတယ်။ လွယ်ဂျယ် စခန်း က ဖရဲသီး တင်ပို့မှုအနေနဲ့ နှစ်စဉ်တန်ချိန် ၅ဝဝဝ နီးပါးတင်ပို့နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ယခင်နှစ်က တန်ချိန် ၄ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာလည်း မနှစ် ကလောက်နီးပါးတင်ပို့နိုင်မယ်လို့ ဖရဲသီးတင်ပို့တဲ့ လုပ်ငန်း ရှင်တစ်ဦးထံက သိရှိရပါတယ်။ ဖရဲအလုံးရေ ၂ဝဝဝ ခန့်ပါတဲ့ ကားတစ်စီးကို ပစ္စည်း အရည်အသွေးကို လိုက်ပြီး ယွမ် ၃၅ဝဝဝ မှ ယွမ် ၅၅ဝဝဝ ခန့်ထိရရှိကြောင်းနဲ့လွယ်ဂျယ်မှ ဝယ်ယူတဲ့ဖရဲသီးများကို ယူနန်ပြည်နယ်အတွင်းပိုင်းမြို့များ အထိ သယ်ဆောင်ရောင်းချတာဖြစ်ပါတယ်။ စိုင်းလွင်၊Source:နကသ
Background