ယခုအပတ်ချင်းရွှေဟော်နယ်စပ်မှ ကြံတင်ပို့ မတ် ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းချင်းရွှေဟော်နယ်စပ်မှ တစ်ဘက်နိုင်ငံနယ်စပ်မြို့ မိန်းတိန်ကို ကွမ်းလုံ ဒေသထွက်ကုန် ကြံ တန် ၂ဝဝ၊ ကန်ဒေါ်လာ ၅၇၂၇ ဒေါ်လာဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ဖေဖော်ဝါရီ လအတွင်း ကြံတန် ၇ဝဝ နှင့် မတ်လမှာတန် ၅ဝဝ အသီးသီးတင်ပို့ထားနိုင်ပြီး ဖြစ်ပါတယ်။ မိမိဘက်ကြံတစ်တန်လျှင် ၂၇ဝဝ ကျပ် ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံမှာ ယွမ် ၃ဝဝ ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ မောင်မောင်အောင်(DOBT)
Background