Main menu

Background

မွန်ပြည်နယ် ရော်ဘာဈေး ပြန်လည်ဦးမော့

Sun, 04/03/2011 - 08:35 -- Anonymous (not verified)

မွန်ပြည်နယ် ရော်ဘာဈေး ပြန်လည်ဦးမော့                  ယခုမတ်လဆန်းတွင် RSS -3 တစ်ပေါင် ၁၇ဝဝ ကျပ်၊RSS -5 တစ်ပေါင် ၁၆ဝဝ ကျပ်ရှိနေခဲ့သော မွန်ပြည်နယ်ရှိ ရော်ဘာ ဈေးနှုန်းဟာ ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက် ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ဂယက်ကြောင့် ပြည်ပဝယ်လို အား ကျဆင်းသွားခဲ့လို့ RSS -3 တစ်ပေါင် ၁၁ဝဝ ကျပ်နဲ့ RSS -5  တစ်ပေါင် ၁ဝဝဝ ကျပ်သို့ကျဆင်းသွားခဲ့ပါတယ်။ မတ်လ တတိယပတ်အရာက်မှာ ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက်လာသလို ဝယ်လိုအားပြန်ကောင်းလာတာကြောင့် မတ်လ စတုတ္ထပတ်မှာRSS -5 တစ်ပေါင် ၁၆၄ဝ ကျပ်နဲ့ RSS -5  တစ်ပေါင် ၁၅ဝဝ ကျပ်ကို ပြန်လည်ဦးမော့လာပါတယ်။ မွန်ပြည်နယ်မှ ရော်ဘာများအား ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့မှုမှာ ယခုလအတွင်း ၂၆ ရက်နေ့ထိ တန် ၆ဝဝဝ ခန့် တင်ပို့ခဲ့ရာ ယခင်လနဲ့ နှိုင်းယှဉ်သော် တန် ၁၈ဝဝ ခန့်လျော့နည်းသွားပါတယ်။ ပြည်ပဝယ်လိုအား ကျဆင်းရခြင်း ကြောင့်လို့ ရော်ဘာလုပ်ငန်းရှင်တချို့က သုံးသပ်ကြပါတယ်။ အောင်လွင်