Main menu

Background

ဂွတ်ရီးယားတာယာဈေးတက်မည်

Sun, 04/03/2011 - 08:39 -- Anonymous (not verified)

ဂွတ်ရီးယားတာယာဈေးတက်မည်              ဂွတ်ရီးယားတာယာနဲ့ ရော်ဘာကုမ္ပဏီက စီးပွားရေးလုပ်ငန်းသုံးထရပ်ကားတာယာတွေကို ၁၅ ရာခိုင်နှုန်းနဲ့အခြား တာယာတွေကို ၇ ရာခိုင်နှုန်း လာမယ့်လကစပြီးဈေးနှုန်းမြှင့်မယ်လို့ သိရပါတယ်။ ဒီလိုဈေး တက်ရတာကတော့ ကုန်ကြမ်း ပစ္စည်းဈေးနှုန်းတွေမြင့်တက်တာကြောင့်ဖြစ်ကြောင်းသိရပါတယ်။ သဘာဝ ရော်ဘာနဲ့ ရော်ဘာတုနှစ်မိုျးစလုံးက တာယာထုတ် လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါ့အပြင်ကာဗွန်၊ ဆာလဖာ နဲ့တခြားဓါတုပစ္စည်းတွေကိုလည်း တာယာလုပ်ရာမှာ အသုံးပြုပါတယ်။ အာရှနိုင်ငံတွေအထူးသဖြင့် အကြီးဆုံးရော်ဘာသုံးစွဲသူဖြစ်တဲ့တရုတ်ရဲ့ ဝယ်လိုအား တက်တာကြောင့် မကြာ သေးခင်လများက ရော်ဘာဈေးနှုန်းတစ်ရှိန်ထိုးတက်ခဲ့ပါတယ်။ဒါ့အပြင် အဓိကရော်ဘာထုတ်လုပ်တဲ့နိုင်ငံတွေမှာ မိုးကြီးပြီး  ရောင်းလို အားပြတ်လပ်တာကြောင့်ဈေးနှုန်းတက်ဖို့အကြောင်းဖန်ခဲ့ပါတယ်။ ဂွတ်ရီးယားတာယာထုတ်လုပ်ရေးရဲ့ ၂ဝ၁ဝ အမြတ်ငွေဒေါ်လာ ၂၁ သန်းခန့်ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဒီလိုအမြတ်ကျဆင်းရခြင်းက ကုန်ကြမ်းစရိတ် မြင့်တက်ခြင်း၊ အရောင်းတိုးလာခြင်း၊ အုပ်ချုပ်မှုနဲ့ အထွေထွေကုန်ကျစရိတ်များခြင်းနဲ့ ငွေကြေးဖောင်းပွမှုရဲ့ အကျိုးဆက်တွေပါဝင် ကြောင်း သိရပါတယ်။ ကုမ္ပဏီရဲ့ ရောင်းချရနှုန်းက ၁၇ ရာခိုင်နှုန်းတိုးပြီး ဒေါ်လာ ၄ ဒသမ ၁၉ ဘီလီယံရှိပေမယ့် အထွေထွေ ကုန်ကျစရိတ် ၁၂ ရာခိုင်နှုန်းတက်ပြီး ဒေါ်လာ ၇၁၅ သန်းရှိတယ်လို့ သိရပါတယ်။                              KZW, Source:GT analyst report