Main menu

Background

ယခုအပတ်နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၁၂၇ဝဝ ကျော်တင်ပို့

Sun, 04/03/2011 - 08:44 -- Anonymous (not verified)

ယခုအပတ်နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၁၂၇ဝဝ ကျော်တင်ပို့                 မတ်လ ၂၇ ရက်မှ ၂၉ ရက်ထိကာလအတွင်း မူဆယ်နဲ့လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၂၂၈ သန်းတန်ဖိုးရှိပြောင်းဖူးစေ့ ၁၂၇၆၂ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၇ သန်းတန်ဖိုးရှိ နံှစားပြောင်း ၇ဝ၄ တန်ကျော်ကို တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ် ကထက် ၃၅၉၅တန် ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးက ထွက်ရှိသော ပြောင်းဖူးစေ့များတင်ပို့နိုင်မှုနည်းပါပြီး ရှမ်းပြည်နယ် တစ်ဝိုက် လားရှိုး၊ နောင်ချို၊ ကျောက်မဲပတ်ဝန်းကျင်ဒေသမှ ထွက်ရှိတဲ့ ပြောင်းဖူးစေ့များကို အများဆုံးတင်ပို့ နေတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှပြောင်းဖူးစေ့ တင်ပို့နိုင်သည့် တန်ချိန်မှာ ၃၈၉၆ဝဝ ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နယ်စပ် ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                                      မိမိဘက်(ကျပ်/တန်)                                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု         ယခင်     ပြောင်းလဲမှု    %          ယခု            ယခင်    ပြောင်းလဲမှု         %ပြောင်းဖူးစေ့     ၂၆ဝ၇၄၃    ၂၅၄၅၂ဝ    ၆၂၂၃         ၂            ၂၈၃           ၂၈၃               -              -MIRT (DOBT)