Main menu

Background

ရန်ကုန်ကားဈေးကွက် အသင့်အတင့် အရောင်းအဝယ်ကောင်းလာ

Sun, 04/03/2011 - 09:39 -- Anonymous (not verified)

 ရန်ကုန်ကားဈေးကွက် အသင့်အတင့် အရောင်းအဝယ်ကောင်းလာ                မတ်လ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့ ကားပွဲစားတန်းများ၏ အခြေအနေမှာ အရောင်းအဝယ် အသင့်အတင့်ရှိလာပြီး အခြေအနေ ကောင်းလာသည်ဟု ဆိုရမည်ဖြစ် သည်။ လေပြင်းများတိုက်ပြီး မိုးအနည်းငယ် ရွာသွန်းတတ်သည့် ရာသီဥတု အပြောင်းအလဲကြားမှာပင် ပွဲစားတန်းများတွင် ကားအရောင်းအဝယ် အတွက် လာထိုး လာရပ်သည့် ကား များ၊ ကားလည်းကြည့်ရင်း ဈေးကွက် စနည်းနာမည့်လူများ စသည်ဖြင့် အနည်းငယ်ပြန်စည်ကားလာကြောင်း တွေ့ရသည်။                ကားဈေးတန်းများအနေဖြင့် ယခင် လများထက်စာလျှင် ပိုမာလာပြီး အမှန် လိုအပ်သဖြင့် ဝယ်စီးမည့်သူများ၊ ဈေး မာလာခြင်းကို မျှော်ကိုး၍ဈေးသင့်ပါက ဝယ်ကောက်ထားသည့်သူများ များလာ ကြောင်း၊ ဈေးကွက်ထဲတွင် စက်မှုဇုန် ထုတ် အဆင့်မြင့်ကားများဈေးမာသလို ယခင်ရှိပြီး ဂျပန်လုပ်ကားဟောင်းများ၊ လေလံအောင်ကားများ၊ အခွန်ဆောင် ပြီး ကားများစသည့် အပေါ်ကားများ သူ့အချိုးအစားအလိုက် ဈေးပြန်မာ လာကြောင်း သိရသည်။                ကားဈေး အနည်းငယ် ပြန်မာရခြင်းမှာ ပုံမှန်ဖြစ်နေကြ ခရီးသွားရာသီ နှင့် သြင်္ကန် အတာရေသဘင်ပွဲတော် နီးကပ်လာခြင်းကြောင့် ဖြစ်နိုင်သလို မြန်မာနိုင်ငံရှိ သုံးစွဲနေသောကားများ အများဆုံး တင်သွင်းရာ ဂျပန်နိုင်ငံ၏ မြေငလျင်ဖြစ်စဉ် သတင်းများကြောင့် ဖြစ်နိုင်ကြောင်း၊ တိုက်ရိုက်မသက်ဆိုင် သော်လည်း ဆက်နွယ်ပြီး ထင်ကြေး ပေးခြင်း၊ အခြားသတင်းများ ကြားလာ ရခြင်း စသည့်အချက်များကြောင့်လည်း ဖြစ်နိုင်ကြောင်း ဝါရင့် ယာဉ်ဝယ်/ ရောင်း ကိုမြင့်ကျော်မှ ရှင်းပြသွားသည်။ အဆိုပါ ကာလမတိုင်ခင်ကပင် ဌာနဆိုင်ရာမှ အာတီအေ သတ်မှတ်ချက်၊ ကန့်သတ်မှုများလာခြင်းကြောင့် ဈေးမာနေခဲ့သော စက်မှုဇုန်ထုတ် အဆင့်မြင့်ကားများသည် ယခုအချိန် ပိုမို၍ ဈေးမာလာပြီး သိန်း ၃ဝဝ ဝန်း ကျင်ဈေးရှိရာမှ ယခုအခါ သိန်း ၃၅ဝ၊ ၃၆ဝ ခန့် ပေါက်ဈေးဖြစ်ပေါ်လာ ကြောင်း သိရသည်။ SN