Main menu

Background

သိန်းထောင်ချီ မြေနေရာများ ပိုမိုစိတ်ဝင်စားလာ

Sun, 04/03/2011 - 09:44 -- Anonymous (not verified)

သိန်းထောင်ချီ မြေနေရာများ ပိုမိုစိတ်ဝင်စားလာ                   သိန်းထောင်ချီဟု ပြောရလောက်သည့်သိန်းတစ်ထောင်နှင့်သိန်းငါးထောင် ဝန်းကျင်ကြား မြေနေရာများကို ဝယ် ယူလိုသူများ ပိုမိုစိတ်ဝင်စားလာကြကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းတစ်ခုမှ သိရသည်။ ထိုကဲ့သို့သော မြေနေရာများကို ဝယ်ယူလိုသူများမှ စိတ်ဝင်စားလာကြ သော်လည်းလက်တွေ့အရောင်းအဝယ် ဖြစ်မှုမှာမူ ပုံမှန်မျှသာရှိနေသေးကြောင်း ဦးအေးဇော်ဦး အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းမှ ပြောပြသည်။ ''သိန်းတစ်ထောင်နဲ့ ငါးထောင် ကြားလောက်ကိုပဲ စိတ်ဝင်စားကြတာများတယ်။ ဒေါ်လာဈေး မငြိမ်သေးတာ ကြောင့် အခြေအနေစောင့်ကြည့်နေ ကြတာလားတော့ မသိဘူး။ ဈေးတက်တာ စောင့်နေပုံရတယ်။ အရောင်း အဝယ်ကတော့ သိပ်မဖြစ်ပါဘူး။ ပြီးခဲ့ တဲ့ လတုန်းကတော့ ၁ဝ မိုင်ကုန်းဘက် မှာ သိန်း ၁၂ဝဝတန်တစ်ကွက်နဲ့ ၁၅ဝဝ တန်တစ်ကွက် အရောင်းအဝယ်ဖြစ် သွားတယ်''ဟု အဆိုပါပုဂ္ဂိုလ်မှ ပြောပြ သွားခဲ့သည်။                   အိမ်ခြံမြေဈေးနှုန်းများမှာ ငါးနှစ် အတွင်း ၂၅ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်း အထိ ဈေးတက်လာခဲ့ကြောင်းလည်းသိ ရသည်။ ၂ဝဝ၈ ခုနှစ်အတွင်းက သိန်း ၄ဝဝ၊၅ဝဝ ခန့်ဈေးပေါက်ခဲ့သောမြေနေ ရာများမှာ ယခုအခါ ကျပ်သိန်း ၂ဝဝဝ ခန့်ထိ ဈေးနှုန်းများမြင့်တက်လာခဲ့သည် ဟုသိရသည်။ မင်းးချို