Main menu

Background

မန္တလေးမြို့ရှိ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များ လေလံအောင်စာရင်း ကြေညာ

Sun, 04/03/2011 - 09:50 -- Anonymous (not verified)

မန္တလေးမြို့ရှိ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များ လေလံအောင်စာရင်း ကြေညာ              ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံပိုင် အဆောက်အအုံနှင့် မြေကွက်များ လေလံတင်ခဲ့ရာ မတ်လ ၁၅ ရက်နေ့တွင် လေလံအောင်စာရင်းအား ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။               လေလံတင်ခဲ့တဲ့ အဆောက်အအုံနဲ့ မြေကွက်များမှာ မန္တလေးမြို့ လမ်း ၈ဝ ရှိ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မစိုးရိမ်ရုပ်ရှင်ရုံအား ငွေကျပ်သန်း ၅ဝဝဝ ဖြင့်လည်းကောင်း၊ အောင်မြေသာစံမြို့နယ် ၂၂ လမ်းရှိ အမှတ် ၁ စက်မှုဝန်ကြီးဌာပိုင် မီးခြစ်စက်ရုံအား ငွေကျပ်သန်း ၃၅၁၁ ဖြင့်လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် ဒေးဝန်းရပ်ကွက်ရှိ ဆပ်ပြာစက်ရုံအမှတ်(၃)အား ငွေကျပ်သန်း ၂၂ဝဝ ဖြင့်လည်းကောင်း၊ ကျောက်ဆည်မြို့နယ်ရှိ ကျောက်ပြားစက်ရုံအား ငွေကျပ်သန်း ၆ဝဝ ဖြင့်လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ အုတ်စက်ရုံအား ငွေကျပ် သန်း ၄၆ဝ ဖြင့်လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် ၂၇ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနပိုင် တိုက်ခန်းအား ငွေကျပ် သန်း ၂၂၅ ဖြင့်လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် အကွက် ၅၇ဝ၊ ၈၁ လမ်း ၃၁ လမ်းနဲ့ ၃၂ လမ်းကြား နိုင်ငံပိုင်သိမ်းဆည်း သုံးထပ်တိုက်အား ငွေကျပ် သန်း ၁၂ဝဝ ဖြင့် လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်(ခ)ရပ်ကွက် ပေ ၄ဝ x ၆ဝ နှစ်ထပ်တိုက်အား ငွေကျပ်သန်း ၁၇ဝ ဈေးဖြင့် လေလံအောင်ခဲ့ကြောင်း သိရ ပါတယ်။                 လေလံအောင်သူများတွင် မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းပိုင်ရှင်များနှင့် စပွန်ဆာအချို့ပါဝင်ကြောင်း သိရပါတယ်။ လေလံအောင်သူများအနေနဲ့ တန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းကို နှစ်ပတ်အတွင်း ငွေသွင်းရမှာဖြစ်ပြီး ကျပ် ၇ဝ ရာခိုင်နှုန်းနှုန်းမှာလည်း ငွေကျပ်သန်း ၁ဝဝဝ အောက်ကို သုံးလအတွင်း သွင်းရန်နဲ့ ငွေကျပ်သန်း ၁ဝဝဝ အထက်ကို ခြောက်လအတွင်း ပေးသွင်းရန် သတ်မှတ်ထားကြောင်း သိရပါတယ်။                                                        ဇူးဇူး