Main menu

Background

ဈေးကောင်းရနေတဲ့ မန်ကျည်းသီးမှည့်ဈေးကွက်

Sun, 04/03/2011 - 09:56 -- Anonymous (not verified)

ဈေးကောင်းရနေတဲ့ မန်ကျည်းသီးမှည့်ဈေးကွက်                 ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့ဈေးကွက်သို့ သဲကုန်း၊ ဆင်မြီး ဆွဲနဲ့ ပန်းတောင်းမြို့နယ်၊ ဆင်တဲ အနီးတစ်ဝိုက်မှ မန်ကျည်းသီးများ အများဆုံး လာရောက် ရောင်းချကြပါတယ်။ ယခင်နှစ်က မန်ကျည်းသီး တစ်ပိဿာကို ၆ဝဝ ကျပ်-၇ဝဝ ကျပ်ဖြင့် ရောင်းချရပြီး ယခုနှစ်တွင် ပေါ်စကတည်းက ဈေးကောင်း ရနေပြီး တစ်ပိဿာကို ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ်ဖြင့် ဈေးဖွင့်ဝယ်နေကြတာကို တွေ့ရပါတယ်။ ယခုလက်ရှိမန်ကျည်းသီးဈေးမှာ တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ဈေးကွက်မှ ရခိုင်နဲ့ ရန်ကုန် ဈေးကွက် ကို မန်ကျည်းသီးများတင်ပို့ရောင်းချလျက်ရှိကြောင် သိရပါတယ်။                    သင်းးသင်းးအောင်