ယခုရက်ပိုင်းအတွင်း အိန္ဒိယနနွင်းဈေးပြန်မြင့်လာ ယခုရက်ပိုင်းအတွင်း အိန္ဒိယဈေးကွက်တွေမှာ လှောင်လက်တွေအဝယ်ရှိလို့ နနွင်းလက်ငင်းရော ကြိုပွိုင့်ဈေးပါ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ဒသမ ၄၆) မြင့်တက်ခဲ့ပြီး နနွင်းကြိုပွိုင့်ဈေးကတော့ ဝ ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ နနွင်းအဓိကဈေးကွက်တွေဖြစ်တဲ့ အီရော့နဲ့ နီဇမ်မာဘတ် ဈေးကွက်များကတော့ ဘဏ္ဍာနှစ်ကုန်ဖြစ်လို့ မတ်လ ၂၆ ရက်မှ ဧပြီလ ၄ ရက်အထိ ဈေးပိတ်ထားမယ်လို့ သိရပါတယ်။ လာမယ့် သီတင်းပတ်မှာတော့ ဈေးကျမယ်လို့ ဝယ်လက်တွေ ခန့်မှန်းထားကြပါတယ်။ နီဇမ်မာဘတ်ကို နနွင်းဝင်ရောက်မှုအနေနဲ့ မတ်လ ၂၈ ရက်က အိတ် ၇ဝဝဝ ဝင်ရောက်ခဲ့ရာမှ မတ်လ ၂၉ ရက်မှာ အိတ် ၁၈ဝဝဝ ဝင်ရောက်လာပြီး အီရော့ဈေးကွက်ကို အိတ် ၂၈ဝဝဝ မှ ၃၂ဝဝဝ ထိ တိုးတက် ဝင် ရောက်လာတယ်လို့ သိရပါတယ်။ မတ်လ ၃ဝ ရက်မှာ နနွင်းလက်ငင်းဈေးက တစ်တန်ကို ရူပီး ၁၁၆ဝဝဝ-၁၆၁ဝဝဝ (ကန် ဒေါ်လာ ၂၆ဝ၅-၃၆၁၅) နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: commodityonline
Background