Main menu

Background

အဝင်နည်းပြီး ဝယ်လက်စုံလို့ ရှမ်းနနွင်းလည်းဈေးမာ

Sun, 04/03/2011 - 10:00 -- Anonymous (not verified)

အဝင်နည်းပြီး ဝယ်လက်စုံလို့ ရှမ်းနနွင်းလည်းဈေးမာ                ရှမ်းနနွင်းဈေးလည်း ဒီတစ်ပတ်မှာတက်လာပါတယ်။ ပြည်ပကို ပို့ဖို့အတွက် မူဆယ်ဝယ်လက်တွေ ဝယ်ယူနေ တာကြောင့် ဈေးတက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာလည်း အဝင်နည်းနေပါ သေးတယ်။ မတ်လ နောက်ဆုံးအပတ်နဲ့ ဧပြီလပထမပတ်လောက်မှာ ဈေးကွက်ကိုလှိုင်လှိုင်ဝင်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ မိုးရွာနေတာကြောင့် ခန့်မှန်း သလိုအဝင်မများလာသေးပါဘူး။ နမ့်စန်ဈေးကွက်မှာလည်း အဝင်နည်းနေပါသေးတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ကျောက်ဆည် နနွင်းက ဈေးမြင့်တက်တာကြောင့် ပြည်ပ ဝယ်လက်တွေက ဟိုပုံးနနွင်းကို ပိုဝယ်လို့ ဟိုပုံးဈေးကွက်မှာ နနွင်းလက်ကျန် နည်းနေပြီလို့ သိရပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် တစ်သောင်းခန့် အဝင်ရှိပြီး ပြည်ပဝယ်လိုအားက အဝယ်လိုက်နေတာကြောင့် ယခင်လက တစ်လအတွင်း ပိဿာချိန် တစ်သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဟိုပိုးဈေးကွက်မှာ နနွင်းတက် တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းအရည်အသွေးအလိုက် တစ်ပိဿာကို ၂ဝဝဝ ကျပ်မှ ၂၄၅ဝ ကျပ်ဈေးရှိပြီး တောင်ကြီးဈေး ကွက်မှာတော့ တစ်ပိဿာ ၂၅ဝဝ ကျပ် ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။                                    ဧဧခိုင်