Main menu

Background

ဘုရင့်နောင်မှာ မတ်ပဲဈေးလှုပ်ပြီး ပဲစင်းငုံနီနဲ့ ပဲတီစိမ်း(ခရမ်း) ဈေးကျ

Tue, 04/05/2011 - 04:00 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်       ရေတွက်ပုံ           (ပြည်ပရောင်း)          (ပြည်တွင်းရောင်း)        ပြောင်းလဲမှု                                                          ယခင်   ယခု             ယခင်      ယခု ၁ မတ်ပဲ(RC)               ၁ တန်              ၇၃၃ဝဝဝ-၇ဝ၂ဝဝဝ        -           -၂ မတ်ပဲ(SQRC)           ၁ တန်              ၈၂ဝဝဝဝ-၈၁ဝဝဝဝ        -           -၃ မတ်ပဲ(ကုန်ကြမ်း)      ၁ ပိဿာ                        -                    ၁၁၉ဝ-၁၁၆ဝ၄ ကုလားပဲဖြူလုံးကြီး    ၁ပိဿာ                         -                      ၉၉ဝ-၉ဝဝ၅ ပဲစင်းငုံနီ (RC)          ၁ တန်                           -                   ၆၃၅ဝဝဝ-၆၁ဝဝဝဝ၆ ပဲတီစိမ်း (ခရမ်း)       ၁ ပိဿာ                        -                       ၁၉ဝဝ-၁၇၁၆ဘုရင့်နောင်မှာ မတ်ပဲဈေးလှုပ်ပြီး ပဲစင်းငုံနီနဲ့ ပဲတီစိမ်း(ခရမ်း) ဈေးကျ                         ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)က ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲစင်းငုံနီ(RC) နဲ့ ပဲတီစိမ်း(ခရမ်း)က ကျဈေးန ဲ့ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မတ်ပဲ(RC) ကို ဝယ်ယူနေတဲ့ အိတ်စပို့ဝယ်လက်တွေက အစပိုင်းရက်တွေမှာ ဈေးပေးအဝယ်ရှိတာကြောင့် မတ် ၂၈ရက်က တစ်တန်ကို ၇၄ဝဝဝဝ ကျပ်ရှိရာက ၂၉ရက်မှာ တစ်တန်ကို ၇၄၅ဝဝဝ ကျပ်သို့ဈေးမြင့်ခဲ့ပြီး နောက်ပိုင်းမှာ အိတ်စပို့ဝယ်လက်တွေက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးကျလာမှုအပေါ် မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် မတ် ၃ဝရက်မှာ တစ်တန်ကို ၇၂၈ဝဝဝ ကျပ်သို့ ဈေးကျခဲ့ပြီး ၃၁ရက်မှာ ၇၁၅ဝဝဝ ကျပ်သို့ ထပ်မံဈေးကျ ဆင်းခဲ့ကာ ဧပြီ ၁ရက်မှာတော့ တစ်တန်ကို ၇ဝ၂ဝဝဝ ကျပ်သာ ရှိပါတော့တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်လုံး တန် ၃၁ဝ၅ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ပဲစင်းငုံနီကို ပြည်ပတင်ပို့ရန် ဝယ်ယူ နေတဲ့ ကုန်သည်ကြီးများက ပြည်ပအဝယ် အေးသွားတဲ့အပေါ် ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၆၁၅ဝဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း တန် ၆၄၄ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်း (ခရမ်းရွှေဝါ)ကို အိတ်စပို့ဝယ်လက်တွေက တစ်ပိဿာကို ၁၇၁၆ ကျပ်(တစ်တန်ကို ၁ဝ၅ဝ၈၆ဝ ကျပ်) နဲ့ နေ့စဉ် တန် ၁၅ဝခန့် အဝယ်ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် တစ်ပိဿာကို ၁၈ဝ ကျပ်ခန့် ဈေးကျသွားခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။