ကုန်စည်ဒိုင် သုံးသပ်ချက် မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲ သန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်း ဈေး ကွက်မှာ မြန်မာ့မတ်ပဲဈေးကွက်အခြေအနေရယ်၊ ရန်ကုန်ဈေးကွက် မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာရယ် အပေါ်မူတည်ပြီးတွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့်နောင် မှာ ဈေးအနည်းငယ်ကျနေပြီး မန္တလေး၊ မုံရွာ၊ ဟင်္သာတနဲ့ ပြည်တွင် ဈေးအနည်းငယ်မြင့့််နေတာ တွေ့ရပါတယ်။ ပဲစင်းငုံနီကီ ို ပြည်ပအဝယ်အေးသွားတဲ့အပေါ် မူတည်ပြီး အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ဘုရင့် နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ မကွေး၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ တောင်ကြီးမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်းကြီး(ခရမ်းရွှေဝါ) ကို အိတ်စပို့ ဝယ်လက်တွေက တရုတ်ဝယ်လိုအားအခြေအနေပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှု တွေရှိတာကြောင့် ဘုရင့်နောင်နဲ့ မန္တလေးမှာ ဈေးအနည်းးငယ်က်ကျ နေတာ တွေ့ရပါတယ်။ ကုလားဖြူလုံံံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက်သမားများက သြင်္ကန်အခါနီးလို့ အဝယ်ပါးသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေးနဲ့ မုံရွာမှာ ဈေးကျနေပြီး ပခုက္ကူမှာ ဈေးအနည်းငယ် မြင့်နေကြောင်း တွေ့ရပါတယ်။ ပြောင်းကို တရုတ်ဝယ်လက် နဲ့ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များက ဈေးကွက်အခြေအနေအရ တွက်ချက်ဝယ်ယူမှုတွေရှိ တာကြောင့် တောြင်ကီး မှာ ဈေးမြင့်နေပြီး အောင်ပန်း၊ လားရှိုးနဲ့ မူဆယ်မှာ ဈေးအနည်းးငယ်ဆ်ဆင်းးနေတာ တွေ့ရပါတယ်။
Background