Main menu

Background

ဗီယက်နမ်တွင် လေကြောင်းခများ ၂ဝ ရာခိုင်နှုန်း မြင့်တက်

Tue, 04/05/2011 - 07:18 -- Anonymous (not verified)

 ဗီယက်နမ်တွင် လေကြောင်းခများ ၂ဝ ရာခိုင်နှုန်း မြင့်တက်               ဗီယက်နမ်လေကြောင်းလိုင်းတွေရဲ့ အခက်အခဲဖြေရှင်းနိုင်အောင် လေကြောင်းလိုင်းခအမြင့်ဆုံးဈေးနှုန်းကို ၂ဝ ရာခိုင်နှုန်းအထိမြှင့်တင်ဖို့ အဆိုပြုထားပါတယ်။ အဆိုပြုချက်ကို သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန တို့က ဆွေးနွေးပြီးဖြစ်ရာ ဈေးနှုန်းသစ်တွေကို ဧပြီလကုန်မှာ စတင်မယ်လို့ခန့်မှန်းရပါတယ်။                   ငွေလဲလှယ်နှုန်းပြောင်းလဲသွားတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေကိုရှောင်ကြဉ်ဖို့အတွက် ဈေးနှုန်းများကို တိုးမြှင့် ခွင့်ပြုဖို့ ဗီယက်နမ်မြို့ပြလေကြောင်းအုပ်ချုပ်ရေးဌာနနဲ့ ပြည်တွင်းလေကြောင်းလိုင်းအများအပြားက လျှောက်ထားခဲ့ပြီး နောက်ပိုင်း ဒီအဆိုပြုချက်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒေါင်ငွေတန်ဖိုးကျဆင်းတဲ့အတွက် လောင်စာဆီဈေးနဲ့ လေဆိပ် ဝန်ဆောင်မှုကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာတယ်လို့ သယ်ယူပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူး ထရန်ငေါသန်းက ပြောပါတယ်။                   အမြင့်ဆုံးဈေးနှုန်းကို ၂ဝ ရာခိုင်နှုန်းတိုးမြှင့်သတ်မှတ်ဖို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သဘောတူ ထားပြီးဖြစ်ပါတယ်။ အကဲဖြတ်ချက်ရယူနိုင်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သူကပြောပါတယ်။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် အစိုးရရဲ့ ဆုံးဖြတ်ချက် ၁၁ နဲ့အညီ စီးပွားရေးလုပ်ငန်းတွေက မည်၍ မည်မျှကျခံရမည်ဆိုတာကို ဘဏ္ဍာရေး ဝန်ကြီးဌာနက တွက်ချက်မှာဖြစ်ပါတယ်။ အကယ်၍ ယခုအစီအစဉ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက အတည်ပြုမယ်ဆိုရင် ယခုဈေးနှုန်းသစ်ကို ဧပြီလကုန်ကစပြီး အသုံးပြုသွားမှာဖြစ်ပါတယ်။ Source:VNS.com