Main menu

Background

နိုင်ငံတွေက ပန်ကြားလာရင် အစည်း အိုပက် အထူးအစည်းအဝေးကျင်းပရန် မလိုအပ်ဟု အီရန်က ပြောကြား

Tue, 04/05/2011 - 07:22 -- Anonymous (not verified)

 နိုင်ငံတွေက ပန်ကြားလာရင် အစည်း အိုပက် အထူးအစည်းအဝေးကျင်းပရန် မလိုအပ်ဟု အီရန်က ပြောကြား                  ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံများ အဖွဲ့(အိုပက်)ရဲ့ အရေးပေါ်အစည်း အဝေးကိုခေါ်ဆိုရန် အကြောင်း မမြင် ဟု အီရန်ရေနံဝန်ကြီး မာဆွတ်မာခါဇီမီ က ပြောကြားကြောင်း Mehr  သတင်း အေဂျင်စီကမတ်၂၆ရက်ကပြောပါတယ်။ လက်ရှိအခြေအနေမှာ အိုပက်ရဲ့ အထူးအစည်းအဝေးကျင်းပဖို့ မလိုပါဘူးလို့ မာကာဇီမီကပြောပါတယ်။ ယခု အခါ မာကာဇီမီက အိုပက်ရဲ့အကြီး အကဲ ဖြစ်ပါတယ်။                  ရေနံဖြန့်ဖြူးမှုကို ဆန်းစစ်ကြည့်မယ်ဆိုရင် ရေနံတစ်စည်ကိုဒေါ်လာ ၁ဝဝ ကျော် အထိရှိနေပေမဲ့ အထူး အစည်းအဝေးကျင်းပဖို့ မလိုသေးပါဘူး လို့ သူကပြောပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်  အဝေးခေါ်ပေးဖို့အသင့်ဖြစ်နေပါတယ် လို့ သူက ပြောပါတယ်။                   ရေနံဈေးနှုန်းတွေ တက်ရတာဟာ ဒေါ်လာတန်ဖိုးကျဆင်းလို့ဖြစ်နေရ တာပါလို့ သူကပြောပါတယ်။အနောက် နိုင်ငံတွေ ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ ဈေးနှုန်းမြင့်တက်တာ တွေဖြစ်ပြီး နောက်ပိုင်း အိုပက်မှ စတုတ္ထမြောက် အများဆုံး ထုတ်လုပ် တဲ့ လစ်ဗျားမှာထုတ်လုပ်မှု ရပ်ဆိုင်းတဲ့ အတွက် ရေနံဈေးနှုန်းတွေ မြင့် တက် ခဲ့ပါတယ်။ နယူးရောက်ဈေး အပိတ်မှာ မတ် ၂၆ ရက်က ရေနံတစ်စည်ကို ၁ဝ၅ ဒသမ၄ဝ ဒေါ်လာနှုန်းဖြစ်ခဲ့ပါ တယ်။ ၂၅ ရက်ကထက် သုည ဒသမ ၂ ဒေါ်လာ ပြန်ကျပါတယ်။      Source.AFP