Main menu

Background

အလုပ်သမားရှားပါးလို့ သြစတြေးလျ အသေးစားစီးပွားရေးလုပ်ငန်းတွေထိခိုက

Tue, 04/05/2011 - 07:26 -- Anonymous (not verified)

 အလုပ်သမားရှားပါးလို့ သြစတြေးလျ အသေးစားစီးပွားရေးလုပ်ငန်းတွေထိခိုက                       သြစတြေးလျနိုင်ငံဟာ လူဦးရေ တိုးတက်မှုနှုန်းကျဆင်းနေပြီး ထိုကျဆင်းမှုက မျိုးဆက်တစ် ဆက်ခန့်ကြာမြင့်မှာဖြစ်တဲ့အတွက် စီးပွားရေး လုပ်ငန်းတွေအတွက် လုပ်သားအင်အားရရှိဖို့ အခက်အခဲရှိနေတယ်လို့ PKE Chartered Accounts and Business Advisers  အဖွဲ့ရဲ့ အစီရင်ခံစာမှာ မတ် ၃ဝ ရက်ကဖော်ပြထားပါတယ်။ နိုင်ငံတွင်းကို ပြောင်းရွှေ့လာသူဦးရေ တိုးတက်နှုန်း ကျဆင်းပြီး အငြိမ်းစားယူသူ ဦးရေက လည်း တိုးတက်များပြားလာတဲ့အတွက် အလုပ် သမားဈေးကွက်ကျဆင်းနိုင်တယ်လို့ ကမ္ဘာ့စီးပွား ရေး အကြံပေးအဖွဲ့ရဲ့ "Business and Population Monitor"  မှာခန့်မှန်းထားပါတယ်။ အနောက်ပိုင်းသြစတြေးလျလို သယံဇာတြွကယ်ဝ တဲ့ နိုင်ငံတွေမှာ အလုပ်သမားပိုမိုလိုအပ်နေချိန်မှာ လုပ်သားရှားပါးမှုနဲ့ ကြုံတွေ့နိုင်တယ်လို့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။ အစိုးရကလူဝင်မှုလျှော့ချတာ၊ သဘာဝလူဦးရေ တိုးတက်မှု ကျဆင်းတာနဲ့ အငြိမ်းစားယူတဲ့ လူဦးရေ တိုးတက်လာတာတွေကြောင့် လုပ်သား လိုအပ်ချက်က လျင်မြန်စွာမြင့်တက်လာတယ်။ အလုပ်သမားခေါ်ယူမဲ့ အလားအလာ လျင်မြန်စွာ တိုးတက်နေတယ်လို့ PKE  ရဲ့ ပြောရေးဆိုခွင့်ရှိသူ မက်သူးဖီးက ပြောပါတယ်။                            ပြီးခဲ့တဲ့နှစ်က သြစတြေးလျ အနောက်ပိုင်း၊ ကွင်းစလန်နဲ့ မြောက်ပိုင်းနယ်မြေတွေမှာ လူဦးရေ တိုးတက်နှုန်း သိသိသာသာကျဆင်းခဲ့တဲ့အတွက် ဒီဒေသတွေက စိန်ခေါ်မှုနဲ့ အကြီးအကျယ်ရင်ဆိုင် ရလိမ့်မယ်လို့ ဖီးကပြောပါတယ်။                 Source:xinhua.com