Main menu

Background

တရုတ်နိုင်ငံတွင် နို့ထွက်ပစ္စည်းများကိုရှာဖွေနှိမ်နှင်း

Tue, 04/05/2011 - 06:49 -- Anonymous (not verified)

 တရုတ်နိုင်ငံတွင် နို့ထွက်ပစ္စည်းများကိုရှာဖွေနှိမ်နှင်း                  တရုတ်လတ်ဆတ်တဲ့နို့ထွက်ပစ္စည်းနဲ့ ကလေး နို့မှုန့်ထုတ်လုပ်သူများ ဗဟိုအဖွဲ့က နောက်ဆုံး စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် ယခုလအကုန်မှာ ပြည်တွင်းကုမ္ပဏီတွေရဲ့ ၂ဝ ရာခိုင်နှုန်းက နို့ထွက်ပစ္စည်းဈေးကွက်ကနေ ပျောက်ကွယ်သွားလိမ့်မယ်လို့ တရားဝင်သတင်းရပ်ကွက်ကနေ သိရပါတယ်။ တရုတ်ကုမ္ပဏီတွေက ပြည်တွင်း ဈေး ကွက်ကို ကျယ်ပြန့်စွာပြန်လည်ရရှိနိုင်ဖို့အတွက် အရည်အသွေးကြီးကြပ်ရေး၊ စစ်ဆေးရေးနဲ့ ရောဂါဘယထိန်း ချုပ်ရေးအထွေထွေ  အုပ်ချုပ် ရေးဌာနက ထုတ်လုပ်ရေးလိုင်စင်ရယူ ထားပြီးဖြစ်တဲ့ နို့ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြန်လည် စစ်ဆေးဖို့ သူ့ရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေ ကို အမိန့်ထုတ်ပြန်ထားပါတယ်။နောက်ဆုံးသတ် မှတ်ရက်က မတ် ၃၁ ရက်ဖြစ်ပါတယ်။ ဖူကျန်၊ ကွမ်တုံ၊ ရှန်ဇီး၊ ဇီချွမ်နဲ့ နင်ဂျား ပြည်နယ်လေးခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုတို့က ဖေဖေါ်ဝါရီလကုန်မှာ ထုတ်ပြန်တဲ့ စာရင်းဇယားများအရ ဇီချွမ်ပြည်နယ်မှအပ အခြား ဒေသတွေမှာရှိတဲ့ ကုမ္ပဏီတွေထဲက ၃ဝ ရာခိုင်နှုန်းဟာ စစ်ဆေးမှုကိုအောင်မြင်မှု မရှိခဲ့ပါဘူး။ အဲဒီကုမ္ပဏီတွေဟာ လိုင်စင် အသိမ်းခံရမှာ ဖြစ်ပါတယ်။ ဇီချွမ်ပြည်နယ်မှာ စစ်ဆေးတာကို အောင် မြင်မှု မရှိတဲ့ ကုမ္ပဏီက ၂ဝ ရာခိုင်နှုန်း ထက်နည်းပါတယ်။                          ယခုလကုန်မှာ ပြန်လည်စစ်ဆေးတာ တွေပြီးဆုံးသွားရင် တစ်နိုင်ငံလုံးမှာရှိတဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ၂ဝ ရာခိုင်နှုန်းကျော် လိုင်စင် ရုပ်သိမ်းခံရလိမ့်မယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ရှိ တရုတ် နို့ထွက် လုပ်ငန်းအသင်းက ခန့်မှန်းပါတယ်။ဈေးကွက်ရဲ့ ၁ဝ ရာခိုင်နှုန်း ရှိပါတယ်။ Source.China Daily