Main menu

Background

တောင်ကိုရီးယားနိုင်ငံက ဖွံ့ ဖြိုးဆဲနိုင်ငံများအား ဖွံ့ ဖြိုးမှုအတွေ့အကြုံများမျှဝေမည်

Tue, 04/05/2011 - 07:53 -- Anonymous (not verified)

 တောင်ကိုရီးယားနိုင်ငံက ဖွံ့ ဖြိုးဆဲနိုင်ငံများအား ဖွံ့ ဖြိုးမှုအတွေ့အကြုံများမျှဝေမည်               တောင်ကိုရီးယားနိုင်ငံသည် အပြန်အလှန် ဖွံ့ဖြိုးရေးဘဏ်ကြီး (Multilateral Development Bank)  ၅ ခုနှင့်ပူးပေါင်းပြီး ''အသိပညာ ဖလှယ်ရေးအစီအစဉ်(Knowledge Sharing Program)  ကို အကောင်အထည်ဖော် ပြီး တောင် ကိုရီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွေ့အကြုံများကို ဖံွံ့ဖြိုးဆဲကမ္ဘာနဲ့ မျှဝေသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အမေရိကန်နိုင်ငံများ ဖွံ့ဖြိုးရေးဘဏ်၊ ဥရောပပြန်လည် တည်ဆောက် ရေးဘဏ်နဲ့ အာဖရိကဖွံ့ဖြိုးရေး ဘဏ်စတဲ့ ဘဏ်ကြီး ၅ ခုနဲ့ ယခုနှစ်ကုန်မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမယ်လို့ တောင်ကိုရီးယား မဟာဗျူဟာနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက မတ် ၂၉ ရက်နေ့ကပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ အခြေခံအဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းတွေ ကူညီခဲ့သလိုမိုျးနဲ့ အာဖရိကနိုင်ငံတွေမှာ ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် နည်းလမ်းတစ်ရပ်အဖြစ် ရေရှည်ဖွံ့ဖြိုးပြီး ဘက်စုံဖွံ့ဖြိုးမှုရှိအောင် ဆောင်ရွက်ခဲ့သလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့အညီ အတိုင်ပင်ခံ လုပ်ငန်းတွေကို ယခုအစီအစဉ်အရ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနကပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံက ၂ဝ၁၅ ခုနှစ်မှာ IDB  ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပပေးသွားမယ် လို့လည်း ပြောပါတယ်။ Source:arirang.co.kr