ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ အိုင်ယာလန်ဗဟိုဘဏ်က အမိန့်ထုတ် ဘဏ္ဍာရေးကယ်တင်ငွေက ယူရိုဘီလီယံ ၇ဝ (ဒေါ်လာ ၉၉ ဘီလီယံ) အထိရောက်ရှိသွားပြီဖြစ်တဲ့အတွက် အိုင်ယာလန်ရဲ့ ဘဏ်လုပ်ငန်းကဏ္ဍကို ပြင်းပြင်းထန်ထန်ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အိုင် ယာလန် ဗဟိုဘဏ်က အမိန့်ထုတ်ခဲ့ပါတယ်။ ယမန်နှစ်က ဂရိနိုင်ငံကို ဘဏ္ဍာရေးကယ်တင်မှုဆောင်ရွက်ပေးပြီးတဲ့နောက် ယူရိုဇုန်နိုင်ငံတစ်ခု ဖြစ်တဲ့ ပေါ်တူဂီနိုင်ငံကိုလည်း ကယ်တင်ရတော့မဲ့ ကိန်းဆိုက်လောက်အောင် ေြွကးမြီအကျပ်အတည်း ဖြစ်လာချိန်မှာ အိုင်ယာလန်ရဲ့ ဘဏ်လုပ်ငန်းကဏ္ဍမှာ ယခုလို ဂယက်ရိုက်ခတ်လာတာ ဖြစ်ပါတယ်။ Source:AFP
Background