သင်္ဘောတင်ပို့မှု အခက်အခဲကြောင့် ပြည်ပက ဆန်တင်သွင်းမှုမှာ ရည်မှန်းချက် မပြည့်နိုင်ကြောင်း အင်ဒိုနီးရှား ခန့်မှန်း

သင်္ဘောတင်ပို့မှု အခက်အခဲကြောင့် ပြည်ပက ဆန်တင်သွင်းမှုမှာ ရည်မှန်းချက် မပြည့်နိုင်ကြောင်း အင်ဒိုနီးရှား ခန့်မှန်း                    အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားနဲ့ လန်ပန်းမှာ စပါးရိတ်သိမ်းမှု အများဆုံးရာသီဖြစ်ရာ နိုင်ငံပိုင်ထောက်ပံ့ ပို့ဆောင်ရေး အေဂျင်စီ (Bulog) အနေနဲ့ ပြည်တွင်းမှ ဆန်တန်ချိန် ၅ သိန်းဝယ်ယူသွားဖို့ စီစဉ်လျက်ရှိပါတယ်။ ရောင်းလို အားများလာပြီး လကုန်ပိုင်းမှာ ဆန်ဈေးနှုန်း ၁ဝ ရာခိုင်နှုန်း အထိ ကျဆင်းနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။ ယခုနှစ်အတွင်း ပြည်တွင်းတန်ချိန် ၄၁ဝဝဝဝ ဝယ်ယူပြီး ဖြစ်ရာ ၂ဝ၁၁ ပထမလေးလအတွင်း စုစုပေါင်း ဆန်ဝယ်ယူမှု ပမာဏမှာ တန်ချိန်ပေါင်း ၉၁၆ဝဝဝ ရှိမှာဖြစ်ကြောင်း (Bulog)  ဥက္ကဌ ဆူတာတိုက ပြောကြားပါတယ်။ ယခုနှစ်မှာ ပြည်ပမှဆန်တင်သွင်းဖို့ ရည်မှန်းထားတဲ့ ပမာဏကို ပြည့်မီနိုင်မှာမဟုတ်လို့ ပြည်တွင်းလယ်သ မား တွေဆီမှ ဆန်ထပ်ပြီးဝယ်ယူမယ်လို့ သိရပါတယ်။ ဆိုးဝါးတဲ့ ရာသီဥတုပုံစံက သင်္ဘောတင်ပို့မှုကို ထိခိုက်စေခြင်း အပါ အဝင် မမျှော်လင့်တဲ့ အခက်အခဲမိုျးစုံက ပြည်ပမှ ဆန်တင် သွင်းမှုကို အနှောင့်အယှက်ဖြစ်စေကြောင်း သိရပါတယ်။                    အင်ဒိုနီးရှားအနေနဲ့ ၂ဝ၁ဝ နဲ့ ၂ဝ၁၁ မှာ ဆန်တန်ချိန် ၂ သန်းတင်သွင်းဖို့ ရည်မှန်းထားသော်လည်း ၂ဝ၁ဝ ခုနှစ်အတွင်းတန်ချိန် ၆ဝဝဝဝဝ ဝန်းကျင်သာ သင်္ဘောတင်ပို့ နိုင်ခဲ့ပြီး နောက်ထပ် ဆန်တန်ချိန် ၁ ဒသမ ၅ သန်းကို ယခု နှစ်မှာ သင်္ဘောတင်ရမှာဖြစ်တယ်လို့ The Jakarta Post  သတင်းမှာ ဖော်ပြထားပါတယ်။ ပြည်တွင်း အလယ် အလတ် အရည်အသွေးဆန်အမျိုးအစား ပျမ်းမျှဈေးနှုန်းမှာ တစ်ကီလိုကို အင်ဒိုနီးရှားရူပီးယား ၆၅ဝဝ (ကန်ဒေါ်လာ ၇၅ ဆင့်= မြန်မာငွေ ၇၇၇ ကျပ်ဝန်းကျင်) အကြားတွင်ရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနစာရင်းမှာ ဖော်ပြထားပါတယ်။ ပပ၊Source:The Jakarta Post.com