ထိုင်းနိုင်ငံက နိုက်ဂျီးရီးယား ဆန်အဝယ်ကို မျှော်လင့်နေ

ထိုင်းနိုင်ငံက နိုက်ဂျီးရီးယား ဆန်အဝယ်ကို မျှော်လင့်နေ                  ယခင်က ထိုင်းဆန်ကို အများဆုံးဝယ်ယူတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားနိုင်ငံက ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံးမှု အပေါ် ထိုင်းဆန်ကျွမ်းကျင်ရှင်တွေနဲ့ လေ့လာဆန်းစစ်သူတွေက ဝမ်းမြောက်ဝမ်းသာ မျှော်လင့်နေကြပါတယ်။ အောင်နိုင်တဲ့ ပြည်သူ့ဒီမိုကရက်တစ်ပါတီက ပြည်သူတွေ လူနေမှုစနစ်နဲ့ စားသုံးမှု ပိုမိုတိုးတက်ဖို့အတွက် ထိုင်းဆန်ကို ပိုမို တင်သွင်းနိုင်တယ်လို့ မျှော်လင့်ကြပါတယ်။                ယခင်နှစ်က နိုက်ဂျီးရီးယားနိုင်ငံဟာ ထိုင်းဆန်တန်ချိန် ၁ ဒသမ ၄၄ သန်း တင်သွင်းခဲ့လို့ စုစုပေါင်း တင်ပို့ခဲ့တဲ့ တန် ချိန် ၉ ဒသမ ဝ၄ သန်းရဲ့ ၁၅ ဒသမ ၇ ရာခိုင်နှုန်းထိ အများဆုံးတင်သွင်းခဲ့သူဖြစ်ပါတယ်။ ယခုနှစ် ပထမ ၂ လမှာလည်း ထိုင်းဆန် တန်ချိန် ၁၉၁၉၇၈ ဝယ်ယူပြီးဖြစ်လို့ ၂ဝ၁ဝ ကာလတူ တင်သွင်းခဲ့တဲ့ တန်ချိန် ၁၄၃၄ဝဝ ထက် ၂၅ ရာခိုင်နှုန်း ပိုမိုလာတယ်လို့ ထိုင်းဆန်တင်ပို့သူများအသင်းက ပြောကြားပါတယ်။ နိုက်ဂျီးရီးယားဟာ အာဖရိကကို တင်ပို့တဲ့ ထိုင်းဆန် အားလုံးရဲ့ ၇ဝ ရာခိုင်နှုန်းကို ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။        လမင်း၊ Source: oryza .com