Main menu

Background

ယခင်တစ်ပတ်ထက် မတ်ပဲတင်ပို့မှု တစ်ဆပိုလာ

Sun, 04/24/2011 - 04:38 -- Anonymous (not verified)

ယခင်တစ်ပတ်ထက် မတ်ပဲတင်ပို့မှု တစ်ဆပိုလာ                   သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန် ၅ဝဝဝ ကျော်သာ တင်ပို့မှု ရှိခဲ့ရာမှ ဧပြီလ ၅ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန်ချိန် တစ်သောင်းကျော်ထိ တင်ပို့ လာခဲ့ပါတယ်။ အိန္ဒိယအဝယ်ရှိခဲ့ပြီး ပိတ်ရက်များကြောင့် တွန်းတင်လာခဲ့သလို ပြည်တွင်းဈေးကွက်မှာလည်း အရောင်းအဝယ်အဖြစ်များပြီး ဈေးမြင့်လာခဲ့ပါတယ်။ မတ်လ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၃၂ဝဝဝ ခန့် ရှိပြီး ဖေဖော်ဝါရီလ မှာ တန်ချိန် ၃ဝဝဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် မတ်လ တင်ပို့မှုကို ကြည့်ရာမှာတော့ တန်ချိန် ၅၆ဝဝဝ ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၂ သောင်းကျော် လျော့ကျတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်များ အတွင်း သြင်္ကန်မတိုင်မီကစပြီး တောင်သူတွေ ရောင်းအားများလာလို့ သြင်္ကန်အပြီးမှာ မတ်ပဲဈေး ပြန်အေးလာခဲ့တယ်လို့ သိရပါတယ်။ FOB အရောင်းအဝယ်ဖြစ်မှု ကတော့ ပုံမှန်ရှိတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဧပြီလ ၂၂ ရက် ရန်ကုန် FOB ဈေးများကတော့ ယခင်ဈေးအတိုင်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၂ဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆ဝ- ၁ဝ၈ဝ အသီးသီးဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT