Main menu

Background

သြင်္ကန်အခါ မတိုင်မီ အရောင်းအဝယ်ဖြစ်နေတဲ့ စစ်ကိုင်း ကုလားပဲဖြူလုံးကြီး V2

Sun, 04/24/2011 - 05:09 -- Anonymous (not verified)

သြင်္ကန်အခါ မတိုင်မီ အရောင်းအဝယ်ဖြစ်နေတဲ့ စစ်ကိုင်း ကုလားပဲဖြူလုံးကြီး V2               ၂ဝ၁၁ ခုနှစ် ဧပြီလ ပထမပတ်အတွင်း ကုလားပဲဖြူလုံးကြီး V2တစ်ပိဿာ အနိမ့်၊ အမြင့်ပေါက်ဈေးမှာ ၉၁၁ ကျပ်-၉၅၈ ကျပ်ဈေးအတွင်းရောင်းဝယ် ခဲ့ကြပါတယ်။ ကုလားပဲဖြူလုံးကြီး တစ်ရက်နဲ့ တစ်ရက်ဈေးမှာ တစ်တင်းဈေးအပေါ် ၂ဝဝ ကျပ်၊ ၃ဝဝ ကျပ်၊ ၅ဝဝ ကျပ် တက်လိုက်၊ ကျလိုက် ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဈေးအနည်းငယ်လှုပ်ခြင်းမှာ တိုင်းပြင်ပဝယ်လက်အဆွဲနည်းပြီး တိုင်းအတွင်း လှောင်လက်သမားများသာ ဝယ်လက်ရှိနေလို့ ဖြစ်ကြောင်း ကုန်သည် တစ်ဦးမှ ပြောပြပါတယ်။ ဧပြီလပထမပတ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးသို့ ကုလားပဲဖြူလုံးကြီး V2 တင်း ၃၆ဝဝ ကျော်စီးထွက်ခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာတော့ နေ့စဉ်ပျမ်းမျှတင်း ၈ဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                    သန်းးသန်းးတင်