Main menu

Background

နှစ်သစ်ပဲဈေးကွက် မုံရွာကုလားပဲအရောင်းအဝယ်သွက်

Sun, 04/24/2011 - 05:10 -- Anonymous (not verified)

နှစ်သစ်ပဲဈေးကွက် မုံရွာကုလားပဲအရောင်းအဝယ်သွက်               မုံရွာကုန်စည်ဒိုင်၊ ဧပြီလကုလားပဲဈေးကွက်အနေနဲ့ သြင်္ကန်မတိုင်မီကတည်းက အရောင်းအဝယ်သွက်ခဲ့မှုဟာ နှစ်သစ်အထိ ဆက်လက်ရှင်သန်နေပြီး ကုလားပဲမျိုးစုံ တက်ဈေးအသီးသီးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ မုံရွာဈေးကွက်မှာ ဧပြီလ အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးတွေကိုလေ့လာတဲ့အခါ ကုလားပဲ (တိုင်ပေ) အနေနဲ့ သြင်္ကန်မတိုင်မီက တစ်တင်း ၁၅၇ဝဝ ကျပ်အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး၊ တစ်တင်း ၁၆၄ဝဝ ကျပ်ထိသာ အမြင့်ဈေးရခဲ့ရာက ယခုပတ်မှာ ၁၆၈ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့တာတွေ့ရပါတယ်။ ကုလားပဲ V2အနေနဲ့ သြင်္ကန်မတိုင်မီက တစ်တင်း ၁၇၃ဝဝ ကျပ်ထိ အနိမ့်ဆုံးဖြစ်ခဲ့ပြီး၊ တစ်တင်း ၁၈၁ဝဝ ကျပ်သာ အမြင့်ဆုံး ရခဲ့ရာက သြင်္ကန်ပြီး ယခုပတ်မှာ တစ်တင်း ၁၈၇ဝဝ ကျပ်ထိဈေးမြောက်လာခဲ့ပါ တယ်။ 929 ကုလားပဲကတော့ ဧပြီလဆန်းပိုင်းက လလယ်ပိုင်းထိ တစ်တင်း ၁၆၇ဝဝ ကျပ် အနိမ့်ဆုံးနဲ့ တစ်တင်း ၁၆၈ဝဝ ကျပ်အမြင့်ဆုံးဖြစ်ပေါ်ခဲ့ရာမှ သြင်္ကန်ပြီး ယခုပတ်မှာ တစ်တင်း ၁၇၂ဝဝ ကျပ်နဲ့ တက်ဈေးဖြစ်ပေါ်လာခဲ့တာတွေ့ရပါတယ်။ ဒေသတွင်းခွဲစက်၊ ပဲကြော်ဖို၊ အမှုန့်ကြိတ်စက်လုပ်ငန်းသမားတွေအပြင် ရန်ကုန် အဆွဲအနည်းငယ်ရှိလို့ တစ်နေ့ကုလားပဲမိုျးစုံတင်း ၃ဝဝဝ ခန့် အရောင်း အဝယ် ဖြစ်လျက်ရှိတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်