Main menu

Background

ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု အားကောင်းလာ

Sun, 04/24/2011 - 05:12 -- Anonymous (not verified)

ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု အားကောင်းလာ                      သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှုက အရှိန်အားကောင်းလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က မြေထောက်ပဲ တန် ၂ဝဝ နဲ့ ထောပတ်ပဲတန် ၅ဝဝ ခန့်သာ တင်ပို့မှု ရှိခဲ့ရာမှယခု သီတင်းပတ်မှာ မြေထောက်ပဲတန် ၅ဝဝ ကျော်နဲ့ ထောပတ်ပဲတန် ၁၁ဝဝ ကျော်ထိ ၁ ဆကျော်ပိုတင်လာနိုင်ခဲ့ပါတယ်။                   မတ်လ တစ်လလုံးတင်ပို့မှုအနေနဲ့ မြေထောက်ပဲတန် ၈၅ဝ ကျော်၊ ထောပတ်ပဲ တန် ၈ဝဝ ခန့်ရှိပြီး ဖေဖော်ဝါရီလမှာ မြေထောက်ပဲ တန် ၇၆ဝ ကျော်နဲ့ ထောပတ်ပဲ တန် ၅ဝဝ ခန့် ရှိခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ မတ်လ အတွင်းမှာ မြေထောက်ပဲ တန်ချိန် ၁၈ဝဝ ကျော်နဲ့ ထောပတ်ပဲ တန်ချိန် ၁၆၅ဝ ခန့်ရှိလို့ ယခုနှစ် ကာလတူမှာ ထက်ဝက်ခန့်လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ယင်းပဲများ အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။              MIRT - MAPT