Main menu

Background

ဈေးကျပြီး အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲကြီး

Sun, 04/24/2011 - 05:15 -- Anonymous (not verified)

ဈေးကျပြီး အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲကြီး                 ပြည်ဈေးကွက်တွင် ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးထက် အနည်းငယ် ထပ်မံကျဆင်းသွားတယ်လို့သိရပါတယ်။ ပဲကြီး (ရွှေကျွန်း)မှာ ၂ဝ၅ဝဝ ကျပ်နဲ့ ပဲကြီး (ကမ်းနား)မှာ တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဝင်ရောက်မှုအနေဖြင့် ယခုရက်ပိုင်းတွင် ပဲကြီး အဝင်နည်း နေပြီး အရောင်းအဝယ်နေ့တိုင်း ဖြစ်ကြောင်းသိရပါတယ်။ အရောင်းအဝယ်ပါးတဲ့ ရက်များမှာ အိတ် ၁၅ဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းအဝယ် များတဲ့ရက်များမှာ အိတ် ၆ဝဝ ခန့်ထိ အရောင်းအဝယ် သွက်တယ်လို့ သိရပါတယ်။                                ခင်ဆွေဝင်း