Main menu

Background

ပဲယင်း ဆက်လက် တင်ပို့နေဆဲ

Sun, 04/24/2011 - 05:16 -- Anonymous (not verified)

ပဲယင်း ဆက်လက် တင်ပို့နေဆဲ                မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲယင်း ၄ဝ၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၂၉ သန်းဖိုးကို မူဆယ် (၁ဝ၅) မိုင်မှ တင်ပို့ခဲ့ပါတယ်။ နှစ်သစ် ကူးကာလ ဧပြီလ ၆ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာလည်း ၅၂၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၃၈ သန်းဖိုး မူဆယ်စခန်းမှ ပဲမပြတ် တင်ပို့နေခဲ့ပါတယ်။ မိမိဘက် မြေပြင်ပေါက်ဈေး ၅၁၇၈၂၁ ကျပ်နဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးက ၆၇၇ မှ ၆၇၈ ဒေါ်လာကြား ဈေးရလျက်ရှိတယ်လို့သိရပါတယ်။                   MIRT(DOBT)