Main menu

Background

လာမယ့်ရာသီမှာ အိန္ဒိယပဲမျိုးးစုံစိုက်ဧက ဒီနှစ်အတိုင်းရှိနိုင်

Sun, 04/24/2011 - 05:29 -- Anonymous (not verified)

လာမယ့်ရာသီမှာ အိန္ဒိယပဲမျိုးးစုံစိုက်ဧက ဒီနှစ်အတိုင်းရှိနိုင်                လာမယ့်မိုးရာသီအတွင်း အိန္ဒိယနိုင်ငံရဲ့ ဝါဂွမ်းနဲ့ ဟင်းသီးဟင်းရွက်သီးနံှ စိုက်ဧရိယာပိုမိုလာနိုင်ပြီး ပဲမျိုးစုံစိုက်ဧရိယာ ကတော့ ဒီနှစ်လိုဘဲ ပြောင်းလဲမှုမရှိနိုင်ဘူးလို့ သိရပါတယ်။ အိန္ဒိယပဲအများဆုံးထုတ်လုပ်တဲ့ မဟာရပ်ရှတရာ ပြည်နယ်မှာ ပဲမျိုးစုံအထွက်ရည်မှန်းချက်က ယခုနှစ်လိုဘဲ ရည်မှန်းထားကြောင်းလည်း သိရပါတယ်။ ဒါပေမဲ့ ပဲပုပ်စိုက်ပျိုးသူတွေက ဝါဂွမ်းကို ပြောင်းလဲစိုက်ပျိုးလာတဲ့အတွက် ပဲပုပ်စိုက်ဧက ကျဆင်းနိုင်တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း မဟာရပ်ရှတရာ ပြည်နယ်ရဲ့မိုးပဲမျိုးစုံစိုက်ဧရိယာဟာ ဟက်တာ ၂၅ ဒသမ ၄၈ သိန်းရှိပြီး ဆောင်း ပဲမျိုးစုံစိုက်ဧရိယာကတော့ ဟက်တာ ၁၅ ဒသမ ၅၆ သိန်းရှိခဲ့တာကြောင့် ရည်မှန်းချက်ထက် ဟက်တာ ၁၃ ဒသမ ၇၉ သိန်းပိုမိုတယ်လို့ သိရပါတယ်။ ပုံမှန်မဟုတ်တဲ့ ဆောင်းရာသီမိုးရွာသွန်းမှုက မြေဆီလွှာအစိုဓါတ်ကို ကောင်းမွန်စေခဲ့ပြီး သီးနံှအထွက်ကို မြင့်တက်စေခဲ့ပါတယ်။                မဟာရပ်ရှတရာမှာ ကုလားပဲက အဓိကဆောင်းသီးနံှဖြစ်ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်၊ ချတီဂရပ်၊ ရာဂျက်စသန်နဲ့ အင်ဒရာ ပရာဒေ့ရှ်တို့မှာ ပဲထုတ်လုပ်မှုက ယခုနှစ်လိုဘဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ မိုးရာသီပဲမျိုးစုံ အထွက်ကတော့ အလွန် ကောင်းမွန်လျက်ရှိပြီး စုစုပေါင်း တန်ချိန် ၁၆ ဒသမ ၅ သန်းရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ယမင်းးခင်၊Source: commodityonline