Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး(ဓာတ်ဆီ/ဒီဇယ်)

Sun, 04/24/2011 - 05:31 -- Anonymous (not verified)

မတ်လမှာ ဒီဇယ် တန်ချိန်နှစ်သောင်းကျော် ပိုတင်သွင်း               ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဧပြီလပထမနှင့် ဒုတိယပတ်အတွင်း ဒီဇယ်ပီပါလေးသိန်းလေးထောင်ကျော်၊ တန်ချိန်အားဖြင့် ၅၉၁၇ဝ ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလ ဒီဇယ်ဆီအဝင်တန်ချိန် စုစုပေါင်းမှာ တန် ၁ဝ၇၄၄၄ ရှိခဲ့ပြီး မတ်လ ဒီဇယ်ဆီ အဝင်စုစုပေါင်းမှာ တန်ချိန် ၁၃၄၂၆၅ ရှိခဲ့တဲ့အတွက် တန်ချိန် ၂၆၈၂၁ တန်ပိုမိုတင် သွင်းဖြန့်ဖြူးနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်ဓာတ်ဆီ အသွင်းပို                      ယခုအပတ်မှာ ကော့သောင်းနယ်စပ်မှ ဓာတ်ဆီ ဂါလန် ၁၄ဝဝဝ နဲ့ တာချီလိတ်မှ ဂါလန် ၄၂ဝဝဝ စုစုပေါင်း ၅၆ဝဝဝ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၈၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ဂါလန် ၃၅ဝဝဝ တင်သွင်းမှုပိုမိုခဲ့ပါတယ်။            MIRT(DOBT) နယ်စပ်ဒီဇယ်ဆီက သွင်းလျော့             ကော့သောင်းနယ်စပ်မှ ၁၁၅၅ဝ ဂါလန်နဲ့ တာချီလိတ်မှ ၄၂ဝဝဝ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၇ သန်းဖိုး စုစုပေါင်း ဒီဇယ်ဆီ ၅၃၅၅ဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ဒီဇယ်ဆီ ၁၃၈၉၈ ဂါလန် ယခုအပတ်မှာ ယခင် အပတ်ကထက် လျော့နည်းတင်သွင်းခဲ့တယ်လို့သိရပါတယ်။               MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                                                        ဧပြီ ၂ဝ၁၁            ဝယ်ဈေးဓာတ်ဆီ(ကျပ်)     ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်     မန္တလေး       ရန်ကုန်          မန္တလေး၁၈        ၅၆ဝဝ     ၅ဝဝဝ        ၄၁ဝဝ             ၄၅ဝဝ၁၉        ၅၆ဝဝ     ၅ဝဝဝ        ၄၁ဝဝ             ၄၅ဝဝ၂ဝ        ၅၆ဝဝ     ၅ဝဝဝ        ၄၁ဝဝ             ၄၅ဝဝ၂၁        ၅၆ဝဝ     ၅ဝဝဝ        ၄၁ဝဝ             ၄၅ဝဝ၂၂        ၅၆ဝဝ     ၅ဝဝဝ        ၄၁ဝဝ             ၄၅ဝဝMIRT-DOT