Main menu

Background

ဥရောပ ဗဟိုဘဏ် (ECB) က အတိုးနှုန်းကို ထပ်မံမြှင့်တင်ပေးမည်ခန့်မှန်း၍ ယူရိုငွေတန်ဖိုးမြင့်မားလာ

Sun, 04/24/2011 - 05:35 -- Anonymous (not verified)

ဥရောပ ဗဟိုဘဏ် (ECB) က အတိုးနှုန်းကို ထပ်မံမြှင့်တင်ပေးမည်ခန့်မှန်း၍ ယူရိုငွေတန်ဖိုးမြင့်မားလာ                ဂျာမဏီမှာ ပို့ကုန်နဲ့ အင်္ဂလန်ရဲ့ ထုတ်လုပ်သူဈေးနှုန်းတွေ မြင့်မားလာမယ်လို့ ခန့်မှန်းထားတဲ့ စာရင်းဇယားတွေပေါ်ထွက်မလာမီ စတော့ရှယ်ယာတန်ဖိုးတွေ မြင့်မားသွားပါတယ်။ ဒါကြောင့် ဂျပန်ယန်းငွေနဲ့ ကန်ဒေါ်လာတို့က လဲလှယ်ဖက် ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဂျာမဏီရဲ့ ဖေဖော်ဝါရီလတင်ပို့မှုက ယခင်လတင်ပို့မှုထက် ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ မတ်လအတွင်း အင်္ဂလန်ထုတ်လုပ်သူဈေးနှုန်းမှာလည်း ဖေဖော်ဝါရီလကထက် သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း၊ 0x158င်း အချက်အလက် တွေက ကမ္ဘာ့စီးပွားရေးဦးမော့လာမှု အရှိန်ကောင်းလာတယ်ဆိုတဲ့ လက္ခဏာများပဲ ဖြစ်ကြောင်း သိရပါတယ်။                ဒါကြောင့် ယန်းငွေက ယူရိုငွေနဲ့ လဲလှယ်ရာမှာ ကျဆင်းသွားခဲ့ပါတယ်။ ဧပြီလ ၇ ရက်က နယူးယောက်မှာ တစ်ယူရိုကို ၁၂၁ ဒသမ ၄၉ ယန်းရှိနေရာမှ ဧပြီလ ၈ ရက် လန်ဒန်စံတော်ချိန် ၆း၄၇ နာရီမှာ တစ်ယူရိုကို ၁၂၂ ဒသမ ၄၅ ယန်းအထိ ယန်းတန်ဖိုး ကျဆင်းသွားခဲ့ပါတယ်။ ၎င်းနှုန်း မတိုင်မီက တစ်ယူရိုကို ၁၂၂ ဒသမ ၆၄ ယန်းအထိ ရောက်ရှိခဲ့ရာ ၂ဝဝ၉ ခုနှစ် မေလ ၅ ရက်နောက်ပိုင်း ယန်းတန်ဖိုးအနိမ့်ဆုံးဖြစ်ခဲ့ကြောင်း၊ ယခုအပတ်အတွင်း ယန်းတန်ဖိုး ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။              ယန်းငွေက ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း တန်ဖိုး သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်ဒေါ်လာ ကို ၈၅ ဒသမ ၁ဝ ယန်းအထိ ရောက်ရှိခဲ့ပါတယ်။ ကန်ဒေါ်လာအညွှန်းကိန်းကလည်း ၇၅ ဒသမ ၁၈၄ အထိ ကျဆင်း သွားရာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနည်းဆုံးဖြစ်သွားပါတယ်။ ယူရိုငွေ တန်ဖိုးက ယန်းငွေနဲ့ လဲလှယ်ရာမှာ ၁၁ လမြောက်အဖြစ် တန်ဖိုးမြင့်လာခြင်းဖြစ်ကြောင်း၊ ဥရောပဗဟိုဘဏ် (ECB) က အတိုးနှုန်းကို ထပ်မံမြှင့်တင်ပေးမယ် ခန့်မှန်းခြင်းကလည်း ယူရိုငွေတန်ဖိုးကို မြင့်မားလာစေကြောင်း သိရပါတယ်။ Source:Bloomberg.com ပပ