Main menu

Background

ရွှေ၊ ငွေဈေးကွက် အပြိုင်တက်

Sun, 04/24/2011 - 05:38 -- Anonymous (not verified)

ရွှေ၊ ငွေဈေးကွက် အပြိုင်တက်                 အမေရိကန်အစိုးရရဲ့ အသုံးစရိတ်က ထိန်းမနိုင်သိမ်းမရ မြင့်တက်နေသလို အမေရိကန်ဗဟိုဘဏ်က ဒေါ်လာတန်ဖိုးကျအောင် တမင်လုပ်ဆောင်နေတဲ့ အတွက် ရွှေ၊ ငွေဈေးနှုန်းတွေက ဆက်လက်မြင့်တက်နေပါ တယ်။ လန်ဒန် PM Fix Price  နဲ့ တိုင်းတာတဲ့အခါ ရွှေရဲ့ဈေးနှုန်းက ဧပြီ ၂၃ ရက် ဈေးပိတ်ချိန်မှာ တစ်အောင်စ ကို ၁၅ဝ၄ ဒေါ်လာထိ ဖြစ်ခဲ့ပါတယ်။ လေးရက် အတွင်းမှာ ၂၇ ဒသမ ၂၅ ဒေါ်လာနှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ရွှေဈေးက ဧပြီလအတွင်းမှာ ၈၆ ဒေါ်လာ မြင့်တက်ခဲ့ပြီး၊ ဇန်နဝါရီလကရှိခဲ့တဲ့ တစ်အောင်စ ၁၃၁၉ ဒေါ်လာနဲ့နှိုင်းယှဉ်ခဲ့ရင် ၁၈၅ ဒေါ်လာထိ မြင့်တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ ေြွကးမြီက ဆက်လက်မြင့်တက်နေသလို ဗဟိုဘဏ် ကလည်း ငွေကြေးကို ရိုက်ထုတ် နေတဲ့အတွက် ကမ္ဘာတစ်ဝန်းရှိ အစိုးရတွေက လည်း ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ အရေးယူဆောင်ရွက်နေရပါတယ်။ ဒေါ်လာ တန်ဖိုးဟာ နှစ်စကနေ ပြန်ကြည့်ရင် ၁ဝ ရာခိုင်နှုန်းနီးပါး ကျဆင်းနေတဲ့အတွက် ရွှေနဲ့ ငွေသတ္တုတွေက သီးသန့်ငွေကြေးသဖွယ်ဖြစ်လာရပါတယ်။ ငွေသတ္တုဈေးက ယခုရက်သတ္တ ပတ်အတွင်းမှာ တစ်အောင်စကို ၃ ဒသမ ၆၅ ဒေါ်လာ (၈ ဒသမ ၅၇ ရာခိုင်နှုန်း) မြင့်တက်နေပါတယ်။ လန်ဒန် PM Fix Price  အရ တစ် အောင်စကို ၄၆ ဒသမ ၂၆ ဒေါ်လာနှုန်းထိ ဖြစ်နေပါတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ လာမယ့်ရက် သတ္တပတ်မှာ ငွေဈေးဟာ စံချိန်တင်မြင့်တက်မယ့်အခြေအနေကို ရောက်ရှိနေပါတယ်။ ဇန်နဝါရီက ရှိခဲ့တဲ့ တစ်အောင်စ ၂၆ ဒသမ ၆၈ ဒေါ်လာနဲ့နှိုင်းယှဉ်ရင် ၇၃ ရာခိုင်နှုန်းလောက် ထပ်မံ မြင့်တက်နေတာ တွေ့ရပါတယ်။ ှSources:goldandsilverblog.com