ဗီယက်နမ်ကွန်ပေါင်းမြေသြဇာ အသွင်းများ ဧပြီလ ၁ ရက်မှ ၇ ရက်ထိတစ်ပတ်အတွင်း ဓာတ်မြေသြဇာတန်ချိန် ၉ဝဝ နီးပါး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၇သိန်းနီးပါးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေကတော့ အီရန်နိုင်ငံမှ ဓာတ်မြေသြဇာ ၂၄ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၈ဝဝ ကျော် တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဗီယက်နမ်နိုင်ငံဘက်မှ တင်သွင်းလာတဲ့ ဓာတ်မြေသြဇာများအနက် ကွန်ပေါင်းဓာတ်မြေသြဇာပမာဏများတာ တွေ့ရပါတယ်။ ဓာတ်မြေသြဇာ မတ်လတစ်လလုံး တင်သွင်းမှုအနေနဲ့ ကန်ဒေါ်လာ ၄ သန်းနီးပါးရှိခဲ့ပြီး ဖေဖော်ဝါရီလမှာ ၁ ဒသမ ၇ သန်းခန့်သာရှိခဲ့လို့ မတ်လမှာ နှစ်ဆကျော် ပိုမိုတင်သွင်းလာခဲ့တာ တွေ့ရပါတယ်။ အလားတူ ၂ဝ၁ဝ မတ်လမှာ ကန်ဒေါ်လာ တစ်သန်းနီးပါးသာ တင်သွင်းခဲ့တဲ့အတွက် ယခုနှစ်ကာလတူတင်သွင်း မှုထက် သိသိသာသာမြင့်တက်လာတာကို တွေ့ရှိရပါတယ်။ MIRT(DOT) ယခုအပတ်နယ်စပ်မှ ဓာတ်မြေသြဇာတင်သွင်းမှုတန် ၁၈ဝဝ ကျော်ပိုမို မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ ရိဒ်နယ်စပ် နှစ်ခုမှသာ ကန်ဒေါ်လာ ၂ ဒသမ ၆၂ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၃၂၇၃ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ တာချီလိတ်၊ ရိဒ်နဲ့ တမူးစခန်းများက တင်သွင်းမှုများရှိခဲ့ပြီး ယခုအပတ်မှာ မူဆယ်နဲ့ ရိဒ်စခန်း နှစ်ခုကသာ တင်သွင်းမှုရှိသော်လည်း ၁၈၂၄ တန်ကျော်တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ ရိဒ်နယ်စပ်မှ ပိုတက်ရှ်နဲ့ ယူရီးယားတန် ၁၇ဝ ခန့် တင်သွင်းခဲ့ပြီး မူဆယ်နယ်စပ်မှ ယူရီးယား၊ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်း၊ တီစူပါဖော့စဖိတ်၊ နိုတ်တြစ် ဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်များတင်သွင်းမှု ပမာဏများပြားလျက် ရှိပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂ဝဝဝဝ ၂၁၅ဝဝ တီစူပါ မြား(တရုတ်) ၂၄၈ဝဝ ၂၅၃ဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅ဝဝဝ ၂၅၃ဝဝ ပိုတက်(တရုတ်) ၂၃၅ဝဝ ၂၂၃ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၈၅ဝဝ ၂ဝ၁ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၁၉၁ဝဝ ၂ဝ၄ဝဝ တီဆူပါ GTSP 46% ၂၂၅ဝဝ ၂၃၁ဝဝ တီဆူပါ GSSP 16% ၈၈ဝဝ ၉၅ဝဝ တီဆူပါ GSSP 12% ၈၁ဝဝ ၈၈ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈ဝဝဝ ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄၁ဝဝဝ ၄ဝဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ၁၉၅ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂ဝဝဝဝ ၁၉၈ဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂ဝဝဝဝ ၁၉၅ဝဝ တီစူပါ-(တရုတ်) 12% ၉ဝဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၉၅ဝဝ ၉၈ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၉၅ဝဝ ၃ဝ၅ဝဝ တီစူပါ 10:10:5(တရုတ်) ၁၄ဝဝဝ ၁၃၅ဝဝ ပိုတက် (တရုတ်) ၁၉၅ဝဝ ၂ဝ၅ဝဝ ဓာတ်ဆား (တရုတ်) ၁၃၅ဝဝ ၁၅ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂ဝဝဝ ၂၂ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂ဝဝဝ ၂၂ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၂ဝဝ ၂၂၂ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၂ဝဝဝ ၃၂ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၁ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၅၈ဝဝ ၂၆ဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၄၈ဝဝ ၂၄၈ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ ၁၃ဝဝဝMIRT (MAPT)
Background