ဒီနှစ် မတ်လမှာ အသွင်းလျော့ ဧပြီလ ၁ရက်မှ ၇ ရက်တာကာလ အတွင်း နို့ဆီ၊ နို့စိမ်း စုစုပေါင်းတန်ချိန် ၈၂၃ ဒသမ ၉၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇ သိန်းကျော်ဖိုးကို ပင် လယ်ရေကြောင်းလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံ ကတော့ မလေးရှားနဲ့ စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ဒွန်းတံဆိပ်၊ အိုကေတံဆိပ်နဲ့ COW BELL တံဆိပ်စတဲ့ တံဆိပ်မျိုးစုံ မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ မတ်လရဲ့ နို့ဆီ၊ နို့စိမ်းတင်သွင်း မှုက ကန်ဒေါ်လာ ၂ သန်းနီးပါးဖိုးရှိခဲ့ပြီး ဖေဖော်ဝါရီလမှာ ကန်ဒေါ်လာ ၁ သန်း နီးပါးရှိခဲ့တာကြောင့် မတ်လမှာ ကန်ဒေါ်လာ ၁ သန်းခန့်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ မတ်လရဲ့ နို့ဆီ၊ နို့စိမ်းတင်သွင်းမှုမှာ ကန်ဒေါ်လာ ၄ သန်းကျော် ရှိခဲ့တာ ကြောင့် ဒီနှစ်မတ်လရဲ့ အဝင်နဲ့ယှဉ်ရင် ကန်ဒေါ်လာ ၂ သန်းကျော်ခန့် လျော့ နည်းပြီးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်တင်သွင်းမှုအနေနဲ့ မတ်လ မှာ ကန်ဒေါ်လာ ၁ ဒသမ ၃၁ သန်းဖိုး တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလမှာ ၇ သိန်း ကျော်ဖိုးတင်သွင်းခဲ့တာကြောင့် မတ်လ မှာ ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ မတ်လရဲ့ နို့မှုန့်တင်သွင်းမှုမှာ ကန်ဒေါ်လာ ၆ သိန်းနီးပါးရှိခဲ့တာ ကြောင့် ဒီနှစ်မတ်လရဲ့ နို့မှုန့်တင်သွင်းမှု နဲ့ နှိုင်းယှဉ်ရင် လျော့ကျတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်အသွင်းပို ယခုအပတ်မှာ ကော့သောင်းနယ်စပ်မှ နို့ဆီ ၉၅ ဒသမ ၃၆၉ တန် (၅ဝ၃ဝကာတွန်း)နဲ့ နို့စိမ်း ၂၉၃ ဒသမ ၈၈ တန် (၅၅ဝဝ ကာတွန်း) ကန်ဒေါ်လာ ဝ ဒသမ ၁၇၂ သန်းဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့ဆီ ၃၈၃ဝ ကာတွန်းနဲ့ နို့စိမ်း ၂၁ဝ၁ ကာတွန်း ယခုအပတ်မှာ ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ တရုတ်နယ်စပ်မှ နို့မှုန့်တင်သွင်းမှု မရှိဘူးလို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၈ဝ ၆၉၅Happy Cow ၆၅ဝ ၆၆၅မာရီဂိုး(နို့ဆီ) ၇ဝဝ ၇၁၅အိုကေနို့ဆီ ၇၅ဝ ၇၆၅MIRT (DOT)
Background