Main menu

Background

ကာလတိုအတွင်း မလေးရှားစားအုန်းဆီဈေး ပြန်လည်မြင့ ်တက်လာ

Sun, 04/24/2011 - 06:22 -- Anonymous (not verified)

ကာလတိုအတွင်း မလေးရှားစားအုန်းဆီဈေး ပြန်လည်မြင့ ်တက်လာ            ဈေးကွက်များအတွင်း သီးနံှနဲ့ ဆီထွက်သီးနံှဈေးနှုန်းမြင့်တက်လာတာကြောင့် ဧပြီလ ၂၁ ရက်မှာ မလေးရှားစားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ တစ်ပတ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ဘာစာကုန်စည်ဒိုင်မှာ ဇူလိုင်စာချုပ်ဈေးက ၁ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၃၁၅ ရှိခဲ့လို့ ဧပြီလ ၁၃ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ပဲပုပ်ကြိုပွိုင့်ဈေးက အမေရိကန်သီးနံှအခြေအနေအရ ဝယ်လို အားတက်လာလို့ ဈေးမြင့်တက်ခဲ့ တာကြောင့်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ပဲပုပ်နဲ့ ရေနံစိမ်းဈေးနှုန်း အတက်အကျနဲ့ နှိုင်းယှဉ်ရင် စားအုန်းဆီ ဈေးက အနည်းငယ်ကျဆင်းနေခဲ့ပေမဲ့ ယခုဈေးကွက်မှာ တည်ငြိမ်စပြု လာနေ ပြီလို့ ကွာလမ်လာပူ ကုန်စည်ပွဲစားတစ်ဦးက ပြောကြားပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်လိုအားနည်းပြီး ကမ္ဘာမှာ စားအုံးဆီ အများဆုံး ထုတ်လုပ်သူတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ထုတ်လုပ်မှု မြင့်တက်မှုတွေကြောင့် ဈေးနှုန်းအကျဘက်ဆင်းခဲ့ပါတယ်။ ဧပြီလ ၁ ရက်မှ ၂ဝ ရက်အထိ ပြည်ပတင်ပို့မှုဟာ မတ်လကာလတူနဲ့ နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်း ကျဆင်း ခဲ့တယ်လို့ ကုန်စည်စစ်ဆေးတဲ့ Intertek Agri Services က ပြောကြားပါတယ်။                     ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ စားအုန်းဆီတစ်တန်ကို ရင်းဂစ် ၃၉၆၇ (ကန်ဒေါ်လာ ၁၃၁၈) ထိ ၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ရာမှ ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံက မေလအတွင်းမှာ ပြည်ပတင်ပို့ခွန်ကို ၁၇ ဒသမ ၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း လျှော့ချနိုင်တဲ့ သတင်းများအရ ဈေးနှုန်းကျဆင်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့စားအုန်းဆီကြမ်းထွက်ရှိမှုကို Oil World  အဖွဲ့ရဲ့သုတေသနခေါင်းဆောင်က ၆ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၄၈ ဒသမ ၆ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။                  မကြာသေးခင်က ဈေးနှုန်းကျဆင်းခဲ့ပြီး ယခုလမှာ တရုတ်နိုင်ငံကလည်း စားအုံးဆီတန်ချိန် ၅၅ဝဝဝဝ ဝယ်ယူသွားမယ်လို့လည်း ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ ဇွန်လပို့ရမယ့် Palm Olein ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၂၂ ဒသမ ၅ဝ မြင့်တက်ပြီး ကန်ဒေါ်လာ ၁၁၆၂ ဒသမ ၅ဝ ကိုဖြစ်ခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၆ဝ (ကန်ဒေါ်လာ ၁၉ ဒသမ ၉၄) မြင့်တက်ပြီး တစ်တန်ကို မလေးရှားရင်းဂစ် ၃၃၈ဝ (ကန်ဒေါ်လာ ၁၁၂၃) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com