သြင်္ကန်မတိုင်မီ နှမ်းတင်ပို့မှု အနည်းငယ်ပိုလာ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ သီတင်းပတ် အတွင်းအနည်းငယ်ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က နှမ်းတန်ချိန် ၃၇ဝ ခန့် ထိ တင်ပို့မှုရှိခဲ့ရာမှ ဧပြီပထမပတ် သြင်္ကန်မတိုင်မီအတွင်းမှာတော့ တန်ချိန် ၄ဝဝ ခန့်အထိ တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယားနဲ့ မလေးရှား ကိုဖြစ်ပြီး ပမာဏအများဆုံးတင်ပို့တာကတော့ တောင်ကိုရီးယားကို ဖြစ်ပါတယ်။ မတ်လတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၂ဝဝဝ ရှိပြီး ဖေဖော်ဝါရီလ အတွင်းမှာ တန်ချိန် ၁၇ဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် မတ်လမှာ တော့ တန်ချိန် ၂၄ဝဝ ခန့်ရှိလို့ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ယခုနှစ် မတ်လမှာ တင်ပို့မှု လျော့ကျတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်အတွင်းမှာ သြင်္ကန်အပြီးမှာ နှမ်းဈေးအနည်းငယ်တက်လာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၆ဝ-၁၄၁ဝ နဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
Background