သြင်္ကန်ပြီးချိန်မှာ ဈေးလှုပ်လာတဲ့ မုံရွာနှမ်း မုံရွာကုန်စည်ဒိုင် ဧပြီလ ဆီထွက်သီးနံှဈေးကွက်မှာ အတန်ကြာဈေးငြိမ် နေတဲ့ နှမ်းဈေးကွက်ဟာ သြင်္ကန်ပြီးချိန် ဒိုင်အဖွင့်မှာ ဈေးအနည်းငယ် လှုပ်လာခဲ့တာတွေ့ရပါတယ်။ ဈေးကွက်ထဲမှာ ဆောင်းနှမ်းလက်ကျန် လျော့ပါးလာ တာနဲ့အမျှ နွေနှမ်းကလဲ အခုမှစိုက်ပိုျးကာမို့ အခုလိုဈေးလှုပ်လာခြင်းဖြစ်တယ်လို့ ကုန်သည် ရပ်ကွက်ကပြောပါတယ်။ ဧပြီလအတွင်း သြင်္ကန်မတိုင်မီကာလနဲ့ သြင်္ကန်အပြီး နှမ်းဈေးတွေကို နှိုင်းယှဉ်တဲ့အခါ နှမ်းညိုတစ်တင်း ၂၃ဝဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၅ဝဝဝ ကျပ်မှ ၂၅၅ဝဝ ကျပ်နဲ့ တစ်တင်း ကျပ် ၅ဝဝ တက်ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်အနေနဲ့ ဒေသတွင်းဆီစက်သမားများ၊ အကြော်လုပ်ငန်းသမားနဲ့ လက်လီဆိုင်များက အများဆုံးဝယ်ယူမှုရှိပြီး မန္တလေးကို အနည်းငယ်မျှသာ တင်ပို့ခဲ့ကြတယ်လို့သိရပါတယ်။ ထွန်းလှိုင်
Background