Main menu

Background

သြင်္ကန်အပြီး တောင်ကြီးမြေပဲဈေးကွက်ငြိမ်

Sun, 04/24/2011 - 06:45 -- Anonymous (not verified)

သြင်္ကန်အပြီး တောင်ကြီးမြေပဲဈေးကွက်ငြိမ်                 တောင်ကြီးဈေးကွက်အတွင်းမှာ သြင်္ကန်မတိုင်ခင်က မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်၊ ၁၇၂၅ ကျပ်ရှိပြီး သြင်္ကန်အပြီး ဈေးအဖွင့်မှာတော့ မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်၊ ၁၆၈ဝ ကျပ်ဈေးရှိပါတယ်။ သြင်္ကန်ပြီးခါစဆိုတော့ အချို့တောင်သူ၊ ကုန်သည်များကလည်း ခရီးထွက်အနားယူကြလို့ အရောင်းအဝယ်ခဏရပ်ထား ကြတယ်လို့ သိရှိရပါတယ်။ အခါအပြီးဈေးကွက်အတွင်း သီးနံှဈေးနှုန်းနဲ့ အရောင်း အဝယ်ကတော့ ငြိမ်နေပါတယ်။ ဈေးကွက် အတွင်းမှာတော့ မြေပဲကို မိုင်းရှူး၊ ကျေးသီး၊ လဲချားစတဲ့ လွိုင်လင်ခရိုင်ဘက်ကထွက်တဲ့ ရှမ်းမြေပဲများသာ အနည်း ငယ်ရှိပြီး ဗမာမြေပဲကတော့ သြင်္ကန်အပြီးဈေးကွက်အတွင်း အဝင်မရှိသေးဘူးလို့ သိရှိရပါတယ်။               S.Y.H